ရခိုင်အတွက် စီးပွားရေးလုပ်ငန်းရှင်ကြီးများက ကျပ် သိန်းပေါင်း ၁၆၇၀၀၀ လှူဒါန်း
အောင်ကိုကိုလတ် (နေပြည်တော်)
·
October 20, 2017
ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီ အထောက်အပံ့ပေးရေး ပြန်လည်နေရာချထားရေး ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) အတွက် အလှူငွေပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါတယ်။
အဲဒီအခမ်းအနားကို အောက်တိုဘာ ၂၀ ရက်နေ့က နေပြည်တော်မှာရှိတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)မှာ ကျင်းပပြုလုပ်ခဲ့ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ပါတယ်။
အခမ်းအနားမှာ ပြည်တွင်းက စီးပွားရေးလုပ်ငန်းရှင်ကြီးတွေ တက်ရောက်ခဲ့ကြပြီး အလှူငွေတွေ ထည့်ဝင်ခဲ့ကြပါတယ်။ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေ ထည့်ဝင်တဲ့ လှူဒါန်းငွေဟာ ကျပ်သိန်းပေါင်း ၁၆၇,၀၀၀ ဖြစ်ပါတယ်။
အဲဒီလုပ်ငန်းရှင်တွေကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ပါတယ်။
ဒါ့အပြင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေဟာ တံခါးပိတ် ဆွေးနွေးမှုလည်း ပြုလုပ်ခဲ့ကြပါသေးတယ်။
ဓာတ်ပုံ - အလှူရှင်များစာရင်း.....