နမ့်စီပွန်တွင် ကျပ်သိန်း ၂၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းမိ
DVB
·
October 18, 2017
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်၊ နမ့်စီပွန်ဒေသမှာ အောက်တိုဘာ ၁၇ ရက်နေ့က ကျပ်သိန်း ၂၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့ပါတယ်။
“အခု ကျနော်တို့ မူးယစ်ဆေးဝါးတွေကို ချင်းတွင်း ၂ စီမံချက်နဲ့ ဖမ်းဆီးမှု လုပ်တာပါ။ အခုမိတဲ့ ဦးထွန်းနွယ် နေအိမ်မှာ မူးယစ်ဆေးဝါးဝရမ်း အမှတ် ၅၁ နဲ့ ဝင်ရောက်ရှာခဲ့တယ်” လို့ ခန္တီးမြို့မရဲစခန်း နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်ထိန်လင်းက ဒီဗွီဘီကိုပြောပါတယ်
ကျပ်သိန်း ၂၀၀ ကျော်တန်ဖိုးရှိတဲ့ ဘိန်းဖြူအလေးအချိန် ၁၁၀ ကီလိုဂရမ်နဲ့ စိတ်ကြွဆေးပြားအရေတွက် ၂၇၃၀ ပြားတို့ကို ရှာဖွေပုံနဲ့သိမ်းဆည်းခဲ့တယ်လို့ ဆိုပါတယ်။
ဦးထွန်းနွယ်ကို ခန္တီးမြို့မရဲစခန်းက မူး/စိတ် ပုဒ်မ ၁၅/၁၉(က) နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။
သတင်း - အောင်ဆန်းမြင့်