ဘူးသီးတောင်တွင် နေအိမ်တလုံး မီးလောင်
DVB
·
October 18, 2017
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့၊ သပြေကုန်းရပ်ကွက်မှာ အောက်တိုဘာ ၁၈ ရက်နေ့ မနက် နှစ်နာရီခွဲအချိန်က နေအိမ်တလုံး မီးလောင်မှု ဖြစ်ခဲ့ပါတယ်။
မီးလောင်မှုဖြစ်တဲ့ နေအိမ်ဟာ အိမ်ငှားထားတဲ့ နေအိမ်ဖြစ်ပြီး မီးလောင်ချိန်မှာတော့ နေအိမ်မှာ နေထိုင်သူတွေမရှိဘဲ ခရီးထွက်ခွာနေကြတယ်လို့ သိရပါတယ်။
အိမ်ရှေ့ခန်း ဝါယာရှော့ဖြစ်ရာက သွပ်မိုး ဝါးထရံကာ နေအိမ်တခုလုံး မီးလောင်ခဲ့ပြီး မီးသတ်ဦးစီးဌာနရဲ့ တွက်ချက်မှုအရ ကျပ်ခြောက်သိန်းကျော်ဖိုး ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
မီးလောင်မှုကို မီးသတ်ကားသုံးစီးနဲ့ ငြှိမ်းသတ်ခဲ့ရပြီး မနက်သုံးနာရီလောက်မှာ မီးငြိမ်းသွားခဲ့ပါတယ်။
သတင်း - ကိုအောင်၊ ဓာတ်ပုံ - ကိုအောင်၊ အောင်ထူး