ငြိမ်းချမ်းရေးရန်ပုံငွေအတွက် စော်ဘွားတဦး သိန်းငါးဆယ် လှူဒါန်း
နေဖြိုးဝင်း
·
October 16, 2017
ငြိမ်းချမ်းရေးနဲ့စပ်လျဉ်းတဲ့ လုပ်ငန်းစဉ်တွေ ဆောင်ရွက်ဖို့အတွက် ငြိမ်းချမ်းရေးရန်ပုံငွေ (NRPC Peace Fund)ကို စကွယ်စော်ဘွား စ၀်စိန်လင်းက သိန်းငါးဆယ် လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။
သူ့အနေနဲ့ သမ္မတရုံးကို ဆက်သွယ်လှူဒါန်းတာဖြစ်ပြီး လှူဒါန်းရတဲ့အကြောင်းရင်းကို အခုလို ပြောပါတယ်။
“အရေးကြီးတာကတော့ ကျနော်တို့ နိုင်ငံငြိမ်းချမ်းရေးရဖို့ ဆိုပြီး လှူခဲ့တာပါ။ ချမ်းသာလို့ လှူတာတော့ မဟုတ်ပါဘူး ” လို့ စကွယ်စော်ဘွား စ၀်စိန်လင်းက ပြောပါတယ်။
အောက်တိုဘာလ ၁၅ ရက်နေ့က ပြုလုပ်တဲ့ တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခြင်း ၂ နှစ်မြောက် နှစ်ပတ်လည်နေ့မှာ အခုလို လှူဒါန်းခဲ့တာဖြစ်ပါတယ်။