Home
မြန်မာသတင်း
အသက် ၆ နှစ်အရွယ် မိန်းကလေးအား အဓမ္မကျင့်ရန် ကြံစည်သူကို အမှုဖွင့်
Aung Ko Latt
·
October 15, 2017
စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ အသက် ၆ နှစ်အရွယ် မိန်းကလေးအား အဓမ္မကျင့်ဖို့ ကြံစည်ခဲ့သူကို အမှုဖွင့်ထားပြီး ဖမ်းဆီးမိရေး လုပ်နေတယ်လို့ ရဲစခန်းမှတ်တမ်းအရ သိရပါတယ်။ မိခင်ဖြစ်တဲ့ ကလေးမြို့၊ ပြင်သာရွာနေ မဇာဇာလွင်က လာရောက်တိုင်တန်းခဲ့ ဖြစ်ပြီး ကျူးလွန်သူဟာ ခင်ပွန်းဖြစ်သူနဲ့ ရင်းနှီးတဲ့ အသက် ၂၈ နှစ်အရွယ် ဖိုးသားကြီး ခေါ် ချမ်းမြင့်ဦးဖြစ်တယ်လို့ ထွက်ဆိုထားပါတယ်။ မဇာဇာလွင်ဟာ အောက်တိုဘာ ၁၂ ရက် ညပိုင်းက သူ့ခင်ပွန်းဖြစ်တဲ့ သူနဲ့ စကားများပြီး အိမ်က ထွက်သွားခဲ့ပြီး ၁၃ ရက်နေ့ မနက်ပိုင်းမှာ ပြန်လာခဲ့ပါတယ်။ အိမ်နီးချင်း အမျိုးသမီးတယောက်က မဇာဇာလွင်ရဲ့ သမီးနှစ်ယောက် အိပ်နေတဲ့ ခြင်ထောင်ထဲကို ဖိုးသားကြီး ဝင်ရောက်ခဲ့တာကို တွေ့ခဲ့တယ်လို့ အသိပေးလာတယ်လို့ ဆိုပါတယ်။ စုံစမ်းကြည့်တဲ့ အခါ မဇာဇာလွင် အိမ်က ထွက်သွားတဲ့ညက ခင်ပွန်း ကိုချိုနိုင်နဲ့ ရင်းနှီးသူဖြစ်တဲ့ ဖိုးသားကြီးတို့ အရက်အတူသောက်ပြီး ခင်ပွန်းက အိပ်ပျော်သွားခဲ့ကြောင်း၊ အဲဒီအချိန်မှာ အသက် ၆ နှစ်အရွယ် သမီးနဲ့ နောက် သမီးတယောက်တို့ အိပ်နေတဲ့ ခြင်ထောင်ထဲကို ဖိုးသားကြီး ဝင်လာပြီး မဖွယ်မရာလုပ်ခဲ့သလို ဘောင်းဘီကို ဆွဲချွတ်ပြီး အဓမ္မပြုကျင့်ဖို့ ကြံစည်ခဲ့တယ်လို့ ရဲစခန်းမှတ်တမ်းမှာ ဖော်ပြထားပါတယ်။ သမီးဖြစ်သူက အမေကို အော်ခေါ်ပြီး အကူအညီတောင်းလို့ ဖိုးသားကြီး ထွက်ပြေးသွားခဲ့တယ်လို့ မဇာဇာလွင်က ထွက်ဆိုထားပါတယ်။ ဒါနဲ့ပတ်သက်ပြီး ကလေးမြို့မ ရဲစခန်းမှာ မုဒိမ်းမှုနဲ့ ကျူးလွန်ဖို့ ကြံစည်တာအတွက် ရာဇသတ်ကြီးပုဒ်မ ၃၇၆/၅၁၁ နဲ့ အမှုဖွင့်ထားပြီး တရားခံ မိနိုင်ရေး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024