ဟိုပင်မြို့တွင် တရားမ၀င် ကျောက်စိမ်းတုံးများ ဖမ်းမိ
DVB
·
October 9, 2017
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ ဟိုပင်မြို့မှာ အောက်တိုဘာ ၈ ရက်ညနေ ၆ နာရီခွဲ က တရားမဝင်သယ်ဆောင်လာတဲ့ ကျောက်စိမ်းတုံးတွေ ဖမ်းဆီးရမိခဲ့တယ်လို့ မိုးညှင်းရဲစခန်းက သိရပါတယ်။
ဟိုပင်နယ်ထိန်း ဒုရဲအုပ် ရှိန်းထက်ဦးနဲ့ တပ်ဖွဲ့ဝင်တွေဟာ သက်သေတွေနဲ့အတူ သတင်းအရ မြို့မမြောက်ရပ်ကွက်၊ မြို့ဝင်ထွက်မောင်းတံဂိတ်မှာ စောင့်ဆိုင်းနေချိန် ဖားကန်ကနေ မန္တလေးကို ယာဉ်မောင်း နိုင်ဝင်းအောင်မောင်းနှင်ပြီး ဒေါ်ခင်မာကြည့် စီးနင်းလိုက်ပါလာတဲ့ ကချင်-မန္တလာ အဆင့်မြင့် ခရီးသယ်ပို့ဆောင်ယာဉ်ကို စစ်ဆေးရာ ယာဉ်ကြမ်းခင်းနဲ့ ဖရိမ်ကြားမှာ အံဝှက်ပြုလုပ်ပြီး သယ်ဆောင်လာတဲ့ တရားမဝင်ကျောက်စိမ်းတုံး ဆိုဒ်စုံ ၁၅၅ လုံး၊ အလေးချိန် ၁၄၇ ပိဿာ လောက်ကို ရှာဖွေသိမ်းဆည်းခဲ့တာ ဖြစ်ပါတယ်။
ဟိုပင်ရဲစခန်းက တရားမဝင်ကျောက်စိမ်းတုံးတွေ သယ်ဆောင်လာသူ ယာဉ်မောင်း နိုင်ဝင်းအောင်နဲ့ ဒေါ်ခင်မာကြည် တို့ကို ကျောက်မျက်ဥပဒေပုဒ်မ-၄၂ (က)နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။
မုန်းမုန်းမင်း