Home
မြန်မာသတင်း
ပေါက်တောတွင် စက်လှေတိမ်းမှောက်၊ ကျောင်းသား ၂ ဦး ပျောက်ဆုံးနေ
DVB
·
October 7, 2017
ရခိုင်ပြည်နယ်၊ ပေါက်တော ကျောက်စုကျေးရွာ ချောင်းအဝမှာ လေးပြင်းတိုက်ခိုက်ခဲ့တာကြောင့် စက်လှေတစီးတိမ်းမှောက်လို့ ကျောင်းသား ၂ ဦး ပျောက်ဆုံးနေပါတယ်။ အောက်တိုဘာ ၆ ရက်နေ့ မနက်ပိုင်း ၉ နာရီဝန်းကျင်က ချစ်ကြည်ရေးဘောလုံးကန်ဖို့ သွားတဲ့ စက်လှေတစီး နစ်မြုပ်ခဲ့တာလို့ ပေါက်တောမြို့မရဲစခန်း တာဝန်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။ “လောလောဆယ် ၂ ယောက်ပျောက်ဆုံးနေတယ်ခင်ဗျ။ ကျောင်းသားတွေပါတယ်။ ရွာသားတွေတွေလည်း ပါတယ်။ ချစ်ကြည့်ရေးဘောလုံးကန်ဖို့ တန်းလွဲချောင်းဆိုတဲ့ရွာကို ကျောက်စုရွာသူတွေ သွားတာပါ။ အဲဒီမှာ စက်လှေနဲ့ သွားပါတယ်။ အဲ့ဒီမှာ လူ ၂၀ လောက်ပါလာတယ်။ ကျောက်စု ကျေးရွာချောင်းဝအထွက်မှာ လေပြင်းထန်လာလို့ စက်လှေက တိမ်းမှောက်သွားတာ၊ နစ်မြုပ်သွားတာပေါ့။ ကျောင်းသား ၂ ဦး ပျောက်နေဆဲပါ။။ ကျန်တဲ့သူတွေ ကတော့ ဘာမှမဖြစ်ဘူး။” ညနေ ၅ နာရီအချိန်အထိ ဒီနေ့မနက်ပိုင်းထိ ပျောက်ဆုံးနေတဲ့သူနှစ်ဦးကို လိုက်လံရှာဖွေတွေပြုလုပ်နေပြီး အခုအချိန်အထိ ရှာဖွေမရရှိသေးလို့ သိရပါတယ်။ “အဲဒီမှာ ကျောက်စုရဲစခန်းရှိတယ်။ သူတို့အပါအဝင် ကျနော်တို့ အဖွဲ့ဝင်တွေက ပျောက်ဆုံးနေတဲ့ လူတွေကို ရှာဖွေနေပါတယ်။ အဲ့ဒီရွာက အုပ်ချုပ်ရေးမှူး အပါအဝင်ပေါ့လေ။ အခုအထိ ပျောက်ဆုံးနေတဲ့သူ ၂ ဦးကိုတော့ ရှာမတွေသေးဘူးခင်ဗျ။” ရခိုင်ပြည်နယ်အတွင်း လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုတွေကြောင့် မြစ်ချောင်းတွေကို စက်လှေတွေအားပြုပြီး ကျောင်းသူ၊သားတွေအပါအဝင် ဒေသခံတွေက နေ့စဉ်နေ့တိုင်း သွားလာနေကြရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024