Home
မြန်မာသတင်း
မုံရွာတွင် လေလွင့်နှင့်အိမ်မွေး ခွေးများကို ခွေးရူးပြန်ကာကွယ်ဆေး ထိုးပေး
DVB
·
September 28, 2017
မုံရွာမြို့မှာ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဌာနမှ လမ်းဘေး ခွေးလေခွေးလွင့်တွေနဲ့ အိမ်မွေးခွေးတွေကို စက်တင်ဘာလ ၂၇ နေ့ကစပြီး ခွေးရူးပြန် ကာကွယ်ဆေးတွေ ထိုးပေးနေပါတယ်။ ကာကွယ်ဆေးကို မြို့တွင်းရှိ ရပ်ကွက်တွေနဲ့ ဘုန်းကြီးကျောင်းတွေမှာ ပေါက်ဖွား နေထိုင်ကြတဲ့ ခွေးအကောင်ရေ ၁၅၀ အတွက် ထိုးပေးတာလို့ မုံရွာမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါက်တာ ဒေါ်အိအိအောင်က ပြောပါတယ်။ “ကျမတို့ မုံရွာမြို့နယ်အနေနဲ့ ခွေးအကောင်အရေအတွက် သတ်မှတ်ပြီး လိုက်ထိုးပေးတာပါ။ ဆေးက 1CC တပုလင်းကို ၁၀ ကောင် ထိုးလို့ရပါတယ်။ အကောင် ၁၅၀ ဆိုတော့ ၁၅ ပုလင်းပေါ့။ ဆေးကိုတော့ ORE အဖွဲ့ကနေ ထောက်ပံ့ပေးတာပါ။” ခွေးရူးရောဂါဟာ ခွေးတွေတင်သာမက လူတွေအထိပါ ကူးစက်တတ်ပြီး အထူးသဖြင့် ရောဂါရှိသူ ခွေးရဲ့ သွားရည်ကတဆင့် ကူးဆက်တာပဲ ဖြစ်ပါတယ်။ မုံရွာမြို့မှာ ၂၀၁၆ ခုနှစ်ကလည်း ခွေးရူး အကိုက်ခံရတာကြောင့် လူ ၇ ဦးလောက် ဆေးရုံ ဆေးခန်းတွေမှာ ကုသခဲ့ရဖူးကြောင်း သိရပါတယ်။ သတင်း - ရန်နိုင်စိုး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024