သီတင်းကျွတ် ဗြောက်အိုးနှင့် မီးရှူး၊ မီးဒိုင်း ပစ်ဖောက်သူများကို ထိရောက်စွာ အရေးယူမည်
DVB
·
September 28, 2017
ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ သီတင်းကျွတ်ကာလ ဗြောက်အိုး၊ မီးရှူးနဲ့ မီးဒုံး(ရှူးဒိုင်း)တွေကို ထုတ်လုပ်၊ ရောင်းချ၊ ဖြန့်ဖြူး၊ ပစ်ဖောက်တာတွေ မလုပ်ကြဖို့ ရန်ကုန်တိုင်းအစိုးရအဖွဲ့က သတိပေး နှိုးဆော်ချက် ထုတ်ပြန်လိုက်ပါတယ်။
ဗြောက်အိုးနဲ့ မီးရှူးတွေ ပစ်ဖောက်တာကြောင့် အများပြည်သူတွေ အထိတ်တလန့် ဖြစ်စေတာ၊ မသမာသူတွေက ရပ်ရွာအေးချမ်းသာယာရေးနဲ့ လုံခြုံရေးကို ထိခိုက်အောင် လုပ်နိုင်တာကြောင့် ခုလို သတိပေးလိုက်တာဖြစ်ပြီး လိုက်နာမှုမရှိရင် တည်ဆဲဥပဒေအရ ထိရောက်စွာ အရေးယူမယ်လို့လည်း အသိပေးထားပါတယ်။