လေးဖြူ၏ သီချင်းသစ်ထွက်ရှိ အွန်လိုင်းပေါ်ပျံ့နှံ့
DVB
·
September 11, 2017
နာမည်ကျော် ရော့ခ်အဆိုတော်ကြီး လေးဖြူရဲ့ "ဒါအချစ်လား" လို့ အမည်ပေးထားတဲ့ တပုဒ်တည်းသော တေးသီချင်းအသစ်စက်စက် ခုရက်ပိုင်းအတွင်း ထွက်ရှိလာပါတယ်။
“ဒါအချစ်လား သေချာလား ရင်ခုန်မိတာအချစ်လားကွာ” စတဲ့စာသားတွေပါဝင်တဲ့ အချစ်သီချင်းအေးအေးလေးတပုဒ်ကို တေးရေး ရယ်ဂျီက ရေးထားတာဖြစ်ပြီး သီချင်းထွက်ရှိပြီး မကြာခင်မှာဘဲ အွန်လိုင်း လူမှုကွန်ရက်စာမျက်နှာတွေမှာ လူကြိုက်များ ပျံ့နှံ့နေပါတယ်။