ဒေါ်အောင်ဆန်းစုကြည်နှင့် အိန္ဒိယဝန်ကြီးချုပ် မိုဒီ တွေ့ဆုံဆွေးနွေး(ဓာတ်ပုံ)
အောင်ကိုကိုလတ် (နေပြည်တော်)
·
September 6, 2017
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် နာရန်ဒရာမိုဒီ ဦးဆောင်တဲ့ ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့တို့ စက်တင်ဘာ ၆ ရက်နေ့က နေပြည်တော် သမ္မတ အိမ်တော်ဝင်းရှိ ဧည့်ခန်းမဆောင်မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
တွေ့ဆုံမှုအပြီး အိန္ဒိယ-မြန်မာနှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ တွေ လက်မှတ်ရေးထိုးတဲ့ အခမ်းအနား ကျင်းပခဲ့ပါတယ်။