Homeမြန်မာသတင်း
အကြမ်းဖက်သမားများက လက်လုပ်မိုင်း၊ တုတ်ဓားများဖြင့် ဆက်လက်တိုက်ခိုက်၊ လုံခြုံရေးတိုးမြှင့်
အကြမ်းဖက်သမားများက လက်လုပ်မိုင်း၊ တုတ်ဓားများဖြင့် ဆက်လက်တိုက်ခိုက်၊ လုံခြုံရေးတိုးမြှင့်
DVB
·
August 27, 2017
အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားတွေဟာ မောင်တော ဒေသတွင်းမှာ ကင်းစခန်းတွေ၊ ဘုန်းတော်ကြီးကျောင်းတွေနဲ့ အရပ်သားတွေကို တိုက်ခိုက်လို့ သေဆုံးမှုတွေရှိပြီး လုံခြုံရေးတပ်ဖွဲ့တွေက အင်အားတိုးမြင့်ပြီး နယ်မြေစိုးမိုးရေး လုပ်ငန်းတွေ လုပ်ဆောင်ခဲ့ရတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ထားပါတယ်။
သြဂုတ် ၂၆ ရက်နေ့က တနေ့လုံး နီးပါး ရာနဲ့ချီတဲ့ အကြမ်းဖက်သမားတွေက လက်လုပ်မိုင်းတွေ၊ လက်နက်ငယ်တွေ၊ တုတ်ဓားတွေနဲ့ လာရောက် တိုက်ခိုက်လို့ လုံခြုံရေးတပ်ဖွဲ့တွေက ပြန်လည်တိုက်ခိုက်တာတွေ ပြုလုပ်ခဲ့ရတယ်လို့လည်း ဆိုပါတယ်။
မောင်တောမြို့မှာတင် လက်လုပ်မိုင်း အလုံး ၂၀ လောက် ပေါက်ကွဲခဲ့ပြီး လုံခြုံရေး တပ်ဖွဲ့တွေရဲ့ ကားတွေလည်း ထိခိုက် ပျက်စီးခဲ့ပါတယ်။
မောင်တောမြို့ပေါ်က ဇောတိကာရုံကျောင်းကို ပစ်ခတ်ခံရလို့ ဟိန္ဒူဘာသာဝင် လူငယ် ၁ ယောက် သေဆုံးပြီး ၁ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဆရာတော် ဦးဇော်တိက က ပြောပါတယ်။
ဒါ့အပြင် အကြမ်းဖက်သမားတွေဟာ မွတ်စလင် ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို သတ်ဖြတ်တာတွေလည်း ပြုလုပ်ခဲ့တယ်လို့ အတိုင်ပင်ခံရုံးက ထုတ်ပြန်ပါတယ်။
နယ်မြေ မတည်ငြိမ်မှုကြောင့် လူနည်းစု ရခိုင်တိုင်းသားတွေ နေရပ်စွန့်ခွာရသလို မွတ်စလင်ဒေသခံတွေလည်း တဖက်နိုင်ငံဘက်ကို ထွက်ပြေးခဲ့ကြပါတယ်။
မောင်တော်မြို့ပေါ်က ဘုန်းကြီးကျော်တွေမှာ ထွက်ပြေးလာသူ ရာနဲ့ချီပြီး ခိုလှုံနေပါတယ်။ တိုက်ခိုက်မှုတွေကြောင့် ဒေသခံတွေကြားမှာ စိုးရိမ်ထိတ်လန့်မှုတွေ ဖြစ်ပေါ်နေပြီး အစိုးရဘက်ကနေ လုံခြုံရေးတိုးမြှင့်ပေးဖို့ လိုးလာနေပါတယ်။
အခုတိုက်ခိုက်မှုတွေကြာင့် မောင်တော၊ ဘူးသီးတောင်နဲ့ ရသေ့တောင် မြို့နယ်တွေမှာ ညနေ ၆ နာရီကနေ မနက် ၆ နာရီအထိ ညမထွက်ရအမိန့်ထုတ်ပြန်ထားပါတယ်။