တပ်မတော်က တရားစွဲထားသည့် ကလေးစစ်သားဟောင်းကို ထောင်ဝင်စာတွေ့ခွင့်ရ
အာကာ
·
August 21, 2017
နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နဲ့ တပ်မတော်က တရားစွဲဆိုထားတဲ့ ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေးကို မိသားစုဝင်တွေက အင်းစိန်ထောင်မှာ ဒီနေ့ထောင်ဝင်စာ သွားရောက်တွေ့ဆုံခွင့်ရခဲ့ပါတယ်။
ကိုအောင်ကိုထွေးကို သြဂုတ်လ ၁၈ ရက်နေ့က နေအိမ်မှာ ဖမ်းဆီးခဲ့ပြီး သြဂုတ်လ ၁၉ရက်နေ့က အင်းစိန်ထောင်ကို ပို့လိုက်တာဖြစ်ပါတယ်။
ကိုအောင်ကိုထွေးရဲ့ အစ်မ မနေဇာထွန်းက “ကျန်းမာရေးကောင်းပါတယ်။ ထောင်ဝင်စာလည်း အဆင်ပြေပြေတွေ့လို့ရတယ်။ သူ့ကိုနိုင်ငံရေး ပုဒ်မတွေနဲ့ ထားတဲ့အဆောင်မှာ ထားထားပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
ကိုအောင်ကိုထွေးရဲ့အမှုကို စက်တင်ဘာလ ၁ ရက်နေ့မှာ ရုံးထုတ် စစ်ဆေးဖို့ရှိပြီး ဒီအမှုကို မြန်မာနိုင်ငံ ရှေ့နေများ ကွန်ရက်က လိုက်ပါဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။