Home
မြန်မာသတင်း
ချောက်မြို့နယ် မီးသင်္ဂြိုဟ်​စက်​ နေရာအခက်ခဲ မကွေးတိုင်းဝန်ကြီးချုပ်ထံ တင်ပြ
DVB
·
August 14, 2017
ချောက်မြို့နယ်မှာ မီးသင်္ဂြိုဟ်စက် အလှူရှင်ရှိပေမယ့် နေရာအခက်ခဲကြောင့် ၄ နှစ်လောက် ကြာမြင့်နေမှုနဲ့ ပတ်သက်လို့ ဒေသခံတွေက မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ထံ တင်ပြခဲ့ကြပါတယ်။ ချောက်မြို့ အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမမှာ မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက လွှတ်တော်ကိုယ်စားလှယ်တွေ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေး အဖွဲ့တွေနဲ့ ဒေသခံပရဟိတအသင်းအဖွဲ့တွေကို သြဂုတ် ၁၃ ရက်နေ့က တွေ့ဆုံပြီး ချောက်မြို့နယ် မီးသင်္ဂြိုဟ်စက် တည်ဆောက်ထားရှိဖို့၊ ကားကွင်းသစ် တည်ဆောက် ဆောင်ရွက်နေမှု အခြေအနေတို့ကို မေးမြန်းဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။ မနောဖြူအသင်း ဥက္ကဋ္ဌ ကိုဖိုးချောက “မီးသင်္ဂြိုဟ်စက် တည်ဆောက်ဖို့ အလှူရှင်လည်း ရှိနေပြီဖြစ်ပေမယ့် နေရာအခက်အခဲ့ကြောင့် ကြန့်ကြာနေသည်မှာ ၄ နှစ်ရှိနေပြီဖြစ်ကြောင်း၊ ဝန်ကြီးချုပ်အနေနဲ့ မြေနေရာကို အမြန်အတည်ပြု ပေးစေလိုကြောင်း တင်ပြခဲ့ပါတယ်။ ဝန်ကြီးချုပ်က ကားကွင်းသစ်အတွက် မြေနေရာကို လက်ရှိအနေအထားနဲ့တင် မတွက်ဘဲ နောင် ၁၀ နှစ်၊ ၁၅ နှစ်၊ နှစ် ၃၀ တန်သည်အထိ ဘာတွေဖြစ်လာနိုင်တယ် ဆိုတာမျိုး ထည့်သွင်းစဉ်းစားဆောင်ရွက်ဖို့၊ အစိုးရလုပ်ပိုခွင်မြေတွေလား၊ လျှော်ကြေးပေးရမယ့် မြေတွေလားဆိုတာ သေချာဆောင်ရွက်ဖို့နဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ တိုင်ပင်ဆောင်ရွက်ပြီး လုပ်ကြဖို့ ပြောကြားသွားပါတယ်။ သတင်း - ကိုလင်း (ချောက်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024