အကြောက်လွန်ခြင်းနှင့် သင့်ရင်သွေးငယ်
DVB
·
August 5, 2017
စိတ်လှုပ်ရှားခြင်းနှင့် ကြောက်ရွံ့ခြင်းဆိုတဲ့ အကြောင်းတရားတွေဟာ တကယ်တော့ ကျနော်တို့ပတ်ဝန်းကျင်မှာ တွေ့ရခဲတဲ့ ထူးဆန်းတဲ့ အတွေ့အကြုံ အသစ်အဆန်းတွေတော့ မဟုတ်ပါဘူး။ ကလေးသူငယ်များကစပြီး လူကြီး သူမများအထိ အနည်းနဲ့အများ ဆိုသလို ကြုံတွေ့နေရတဲ့ ပုံမှန်အဖြစ်တွေသာ ဖြစ်ပါတယ်။ ကိုယ်နဲ့ စိမ်းတဲ့နေရာ၊ သက် သောင့်သက်သာ မဖြစ်တဲ့နေရာမျိုးတွေမှာ စိတ်လှုပ်ရှားမှုကို ခံစားရလေ့ရှိပြီး ဒါဟာ သိပ်ကောင်းတဲ့ ခံစားမှုမျိုး မဟုတ်တာတော့ သေချာပါတယ်။ ဒါပေမဲ့ ကလေး တွေမှာ ဒီလို စိတ်လှုပ်ရှားတတ်တာဟာ ပုံမှန် ဖြစ်ရိုးဖြစ်စဉ် တစ်ခုပါပဲ။ ဖြစ်သင့်တဲ့ အပြုအမူတစ်ခုလို့တောင် ဆိုနိုင်ပါတယ်။
လူငယ်တွေမှာတော့ စိတ်လှုပ်ရှား နိုင်မှုတွေကို ထိန်းချုပ်နိုင်စွမ်းရည်အပေါ် မူတည်ပြီး ဘဝရဲ့ တွေ့ကြုံလာမယ့် မမျှော်လင့်တဲ့ အတွေ့အကြုံတွေ၊ စိန် ခေါ်မှုတွေ ပြည့်နှက်နေတဲ့ အခြေအနေ တွေကို ကျော်လွှားအောင်မြင်နိုင်စွမ်းတွေ လည်း ကွာခြားသွားတတ်ကြပါတယ်။ပုံမှန်အားဖြင့် စိတ်လှုပ်ရှားခြင်းနဲ့ ကြောက်ရွံ့ခြင်းတွေဟာ သဘာဝဖြစ်စဉ် တခုပါပဲ။ ချို့ယွင်းချက်တွေ မဟုတ်ကြ ပါဘူး။
ဒါပေမယ့် ပုံမှန်ထက် လွန်ကဲလာရင် တော့ မကောင်းတော့ပါဘူး။ အကြောက် လွန်ခြင်းမဖြစ်ဖို့ အရေးကြီးပါတယ်။
ဒါဆို သင့်ကလေးကို အကြောက်လွန်ခြင်း မခံစားရအောင် ဘယ်လို ကာကွယ်ပေး နိုင်မလဲ ...
ပထမဆုံး ကျွန်တော်တို့ စိတ်လှုပ် ရှားခြင်းနှင့် ကြောက်ရွံ့ခြင်းအကြောင်း သေချာသိဖို့ လိုပါတယ်။
စိတ်လှုပ်ရှားခြင်းဆိုတာဟာ တ ကယ်တော့ ပြင်ပမှာ တကယ် မဖြစ်သေး တာကို ဖြစ်လာမယ်ထင်ပြီး မရှိတာကို အရှိထင်၊ မဟုတ်တာကို အဟုတ်ထင် တဲ့ ခံစားမှုမျိုးလို့ ဖွင့်ဆိုကြပါတယ်။
ဥပမာပြောရရင် မိမိ၏ လုံခြုံမှုကို သို့မဟုတ် မိမိကိုယ်တိုင်ကို အပြင်မှာ လက်တွေ့ အန္တရာယ်မပေးနိုင်တဲ့ အရာ တစ်ခုကို စိတ်ထဲက အန္တရာယ်ရှိတယ် ဟု ခံစားယူဆလာတဲ့ အခြေအနေမျိုး ပါပဲ။
စိတ်လှုပ်ရှားလာတဲ့အခါ လူဟာ လက်ရှိ ကြုံတွေ့နေရတဲ့ အခြေအနေ ပတ်ဝန်းကျင်မှာ မပျော်တော့ပါဘူး။ ချက် ချင်း ရှောင်ပြေးထွက်သွားချင် စိတ်တွေ ဖြစ်လာပါတယ်။ ပြီးတော့ နှလုံးခုန် သံတွေ မြန်လာမယ်။ ခန္ဓာကိုယ်တစ်ခုလုံး တုန်တုန်ရီရီ ဖြစ်လာမယ် နေလို့ထိုင်လို့ မကောင်းတွေလည်း ဖြစ်လာပါရော။ ဒါပေမဲ့ အလွန်အကျွံ မဟုတ်တဲ့ စိုးရိမ်ပူ ပန်မှု စိတ်လှုပ်ရှားမှုကတော့ လူကို နိုးနိုး ကြားကြားနဲ့ ဖျတ်ဖျတ်လတ်လတ် အာရုံ စူးစိုက်နေအောင် ကူညီပေးပြန်ပါတယ်။
ကျွန်တော်တို့ ပြောနေကျစကားလို ပေါ့။ လူမှာ ဟီရိသြတ္တပ္ပတရား ရှိရမယ် ဆိုတာလေ။ ကြောက်စိတ်ဆိုတာလည်း တကယ်တော့ လိုအပ်တဲ့ အရာပါပဲ။ ကျနော်တို့ မလုပ်သင့်တာတွေ မလုပ်မိ အောင် ကြောက်စိတ်က ဟန့်တားပေး တယ်။
မီးကြောက်တဲ့ ကလေးတယောက် က မီးခြစ်နဲ့ မဆော့တော့တာမျိုးပေါ့။ အဲလို ကြောက်စိတ်မျိုးကတော့ လူကို အကာအကွယ် ပေးနေပြန်ရောဗျ။ စိတ် လှုပ်ရှားခြင်းနဲ့ ကြောက်ရွံ့ခြင်းဟာ အ သက်အရွယ်အလိုက် ပြောင်းလဲမှုလေး တွေတော့ ရှိတယ်ဗျ။
မွေးကင်းစကလေး ငယ်ငယ်လေး တွေဟာ မမြင်ဖူးတဲ့ လူစိမ်းမျက်နာတွေ ကို ကြောက်တတ်ကြတယ်။ သူတို့ မမှတ်မိတဲ့သူတွေ အနားလာပြီဆိုလည်း မိဘဆီကို အတင်းပြေးဝင်တတ်ကြတာ မျိုးပေါ့။
- လမ်းစလျှောက်တတ်ခါစ ကလေး တွေကျ ခွဲခွာမှုကို ကြောက်ရွံကြတယ်။ မိခင် သို့မဟုတ် ဖခင်က တယောက် တည်း ထားမိတဲ့အခါမျိုးမှာ အရမ်းလန့်ပြီး ကြောက်နေတတ်ကြတယ်လေ။
- တစ်ခါတစ်ရံကျ ရုတ်တရက် အ ကြောဆွဲချင်သလိုလို ဖြစ်လာမယ်။ ပုံ မှန်မဟုတ်တဲ့ ကြွက်သားလှုပ်ရှားမှုတွေ ရှိမယ်။ လွယ်လွယ်ကူကူ မအိပ်နိုင်တာ မျိုး၊ အိပ်ရာက နိုးရခက်တာမျိုး ဖြစ်လာ မယ်။
- အသက်ရှူနှုန်းနဲ့ နှလုံးခုန်နှုန်းတွေ မြန်လာမယ်
- ခေါင်းကိုက်သလို ခံစားရမယ်။
- နောက်ဆုံး ဗိုက်အောင့်တယ် ဗိုက် နာတယ်ဆိုတာမျိုး ခံစားရလာလိမ့်မယ်။