Home
မြန်မာသတင်း
မိုးညှင်းတွင် လေးတန်းကျောင်းသူအား သုံးရက်ဆက်တိုက် အဓမ္မပြုကျင့်သူကို ဖမ်းမိ
DVB
·
July 28, 2017
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသ၊ အိုင်လေးတူကျေးရွာမှာ လေးတန်းကျောင်းသူ တဦးကို ၃ ရက် ခေါ်ဆောင်ပြီး အဓမ္မပြုကျင့်ခဲ့သူကို   ဇူလိုင် ၂၇ ရက် မနက် ၁၀ နာရီခွဲက ဖမ်းဆီးရမိခဲ့တယ်လို့ မိုးညှင်းရဲစခန်းက ပြောပါတယ်။ ဖြစ်ပွားပုံမှာ မိခင်ဖြစ်သူ ဒေါ်စိန်ဌေးဟာ ၁၁ နှစ်အရွယ် သူ့သမီး မ--ဟာ ကျောင်းသွားရာမှ နေ့လယ်ထမင်းစားဆင်းချိန် အိမ်ပြန်မလာဘဲ ပျောက်ဆုံးနေတယ်လို့ အစ်မဖြစ်သူအား ပြောပြလို့ ကျေးရွာအတွင်းလိုက်လံရှာဖွေရာ မတွေ့ရှိခဲ့ဘူးလို့ ရဲကြေးနန်းသတင်းအရ သိရပါတယ်။ ဒီနောက်မှာတော့ အိုင်လေးတူကျေးရွာရှိ ဦးမောင်သာရဲ့နေအိမ်မှာ လယ်အငှားလာရောက်လုပ်ကိုင်သူ မြင့်သိန်း(ခေါ်) မဂမ် က ဇူလိုင် ၂၄ ရက် မနက်ပိုင်းက ဆိုင်ကယ်နဲ့ ခေါ်သွားကြောင်းသိရလို့ ကျောင်းဆရာနှစ်ဦးနဲ့ ကျေးရွာသားတွေက လိုက်လံရှာဖွေရာ ဇူလိုင် ၂၆ ရက်မနက်ပိုင်းမှာ မိုင်းနောင်ကျေးရွာအနောက်ဘက် ကျောက်သင်ပုန်းမှော် ဟောင်းတွင် ရောက်ရှိနေကြောင်းသတင်းအရ သွားရောက် ရှာဖွေခဲ့တယ်လို့ ဆိုပါတယ်။ ဇူလိုင် ၂၇ မနက် ၁၀ နာရီခွဲမှာတော့ ကျောက်သင်ပုန်း မှော်ဟောင်းဈေးတန်းမှာ မြင့်သိန်းကို မ---- နဲ့အတူ တွေ့ရလို့ ဝိုင်းဝန်း ဖမ်းဆီးခေါ်ဆောင်ခဲ့ရကြောင်း၊ တရားလို ဒေါ်တင်အေးက မ---- ကိုမေးမြန်းရာ မြင့်သိန်းမှ ဇူလိုင် ၂၄၊ ၂၅ နဲ့ ၂၆ ရက်ညပိုင်းတွေမှာ တကြိမ်ဆီ အလိုမတူဘဲ အဓမ္မပြုကျင့်ခဲ့ကြောင်း သိရလို့ အရေးယူပေးဖို့ လုံးတုံရဲစခန်းမှာ တိုင်ကြားခဲ့တာပါ။ အမှုစစ် ရဲအုပ်ဗျက်ဆန်း က မြင့်သိန်း(ခေါ်) မဂမ် ကို ပုဒ်မ-၃၇၆ နဲ့ အရေးယူထားတယ်လို့ သိရပါတယ်။ မုန်းမုန်းမင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024