မြန်မာတနိုင်ငံလုံးတွင် A (H1N1)လူနာ ၂၀ရှိဟု ကျန်းမာရေးဌာနထုတ်ပြန်
DVB
·
July 27, 2017
တနိုင်ငံလုံးမှာ ရရှိတဲ့ အချက်အလက်တွေအရ ဇူလိုင် ၂၆ ရက် ညနေပိုင်းအထိ Influenza A (H1N1) pdm 2009 - Positive စုစုပေါင်း လူနာ ၂ဝ ဦးရှိခဲ့ပြီး ၄င်းတို့အနက် ၃ ဦး သေဆုံးခဲ့တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ရန်ကုန်မြို့ရှိဆေးရုံကြီးတွေမှာ လတ်တလောပြင်းထန်အသက်ရှူလမ်းကြောင်းပိုးဝင်ရောဂါ(Severe Acute Respiratory Illness)နဲ့ စုစုပေါင်းလူနာ ၂၁ ဦးကို ကုသမှု ပေးခဲ့ရာမှာ Seasonal Influenza A (H1N1) pdm 2009 - Positive စုစုပေါင်းလူနာ ၁ဝ ဦးရှိခဲ့ပြီး ၃ ဦး သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
ချင်းပြည်နယ် မတူပီမြို့နယ်မှာတော့ သံသယတုပ်ကွေးရောဂါဖြစ်ပွားသူ ၃ဝဝ ခန့်အနက်မှ ၁ဝ ဦးမှာ Seasonal Influenza A (H1N1) pdm 2009 - Positiveတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
မတူပီမှာ သေဆုံးခဲ့တဲ့ ကလေး ၁ ဦးမှာတော့ ရောဂါပိုးမတွေ့ရဘူးလို့ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဒုညွန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းထွန်းအောင်က နိုင်ငံပိုင်မီဒီယာတွေကို ပြောထားပါတယ်။