Home
မြန်မာသတင်း
ဘူးသီးတောင်တွင် ရဲမှူးအပါအဝင် ရဲတပ်ဖွဲ့ဝင် ၄ ဦး စက်လှေမှောက် ပျောက်ဆုံးနေ
DVB
·
July 24, 2017
  ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်၊ အမှတ် ၃ နယ်ခြားစောင့် ရဲတပ်ဖွဲ့၊ တောင်ဘဇာနယ်မြေမှ နယ်မြေမှူး၊ ရဲမှူးတဦးအပါအဝင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် လေးဦး ဇူလိုင်လ ၂၃ ရက် ည ၇ နာရီလောက်က စက်လှေနစ်မြုပ်ရာမှ ပျောက်ဆုံးနေပါတယ်။ ဘူးသီးတောင် မြို့နယ်ထဲမြောက်ပိုင်းက ကျေးရွာတွေမှာ နယ်မြေလုံခြုံရေးတာဝန် ထမ်းဆောင်ပြီး တောင်ဘဇာကို ပြန်လာဖို့ ကျောင်းတောင်ရွာက စက်လှေ သုံးစီးနဲ့ ထွက်ခွာလာခဲ့တဲ့အခါ နောက်ဆုံးမှာ ကျန်ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင် ၇ ဦးပါ စက်လှေဟာ ကျွန်းပေါက်၊ ပဲသဒူရွာနားမှာ စက်ကို မထိန်းနိုင်ပဲ နစ်မြုပ်ခဲ့တာလို့ တောင်ဘဇာနယ်မြေရဲစခန်း တာဝန်ရှိသူတဦးက ပြောပါတယ်။ စက်လှေပေါ်မှာ ရဲတပ်ဖွဲ့ဝင် ၇ ဦးနဲ့ စက်လှေမောင်းသူတို့ လိုက်ပါလာပြီး တောင်ဘဇာ နယ်မြေမှူး ရဲမှူး ရဲဇော်ထွဋ်၊ ရဲတပ်ကြပ် ခင်မောင်သန်း၊ ရဲဒုတပ်ကြပ် ကိုကိုအောင်နဲ့ ရဲဒုတပ်ကြပ် ထွန်းလင်းထိုက် တို့လေးဦးကတော့ ဒီနေ့ မနက်ပိုင်းအထိ ပျောက်ဆုံးနေပြီး ရဲတပ်ဖွဲ့ဝင် သုံးဦးနဲ့ စက်လှေမောင်းသူ မူစတာဖာကတော့ ရေကူးလွတ်မြောက်လာတယ်လို့ သိရပါတယ်။ နစ်မြုပ်သွားတဲ့ စက်လှေကို ကျွန်းပေါက်ရွာအနားမှာ ပြန်လည်ရှာတွေ့ခဲ့ပြီး ရဲတပ်ဖွဲ့ဝင်တွေ ကိုင်ဆောင်တဲ့ သေနတ် ၂ လက်ကိုလည်း စက်လှေနဲ့အတူ ရရှိခဲ့ပါတယ်။ ပျောက်ဆုံးနေတဲ့ အဖွဲ့တွေကို တပ်မတော်၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့နဲ့ ကယ်ဆယ်ရေးအဖွဲ့တွေက ရှာဖွေနေကြဆဲ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024