Home
သတင်းဓာတ်ပုံ
ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံ ရပ်တန့်ပေးရန် ပြည်သူထောင်ချီ ဆန္ဒပြ (ဓာတ်ပုံ)
DVB
·
July 21, 2017
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်း လည်ပတ်နေတဲ့ MCL ဘိလပ်မြေစက်ရုံ စီမံကိန်းက ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်နေမှုကို ရပ်တန့်ပေးဖို့ ဇူလိုင် ၂၁ ရက်နေ့က မော်လမြိုင်မြို့မှာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ အစိုးရရုံးစိုက်ရာ ပြည်နယ်မြို့တော်ဖြစ်တဲ့ မော်လမြိုင်မြို့မှာ MCL ဘိလပ်မြေစက်ရုံ စီမံကိန်းအနီးဝန်းကျင်က ဒေသခံပြည်သူတွေ စုပေါင်းပြီး လာရောက်ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။ “ကျောက်မီးသွေးဓာတ်အားပေးစက်ရုံ အလိုမရှိ၊ သဘာဝသယံဇာတ မပျက်စီးရေး ဒို့အရေး၊ ကျောက်မိုင်းဖောက်ခွဲမှု လျှော့ချရေး ဒို့အရေး၊ ရှေးဟောင်းအမွေအနှစ်များ မပျက်စီးရေး ဒို့အရေး၊ မြစ်ချောင်း ညစ်ညမ်း ပျက်စီးမှုကာကွယ်ရေး ဒို့အရေး၊ ကျောက်မီးသွေး ဆန့်ကျင်ရေး အောင်ရမည်” ဆိုတဲ့ ကြွေးကြော်သံတွေနဲ့  မော်လမြိုင်မြို့အတွင်း လှည့်လည်ဆန္ဒပြခဲ့ကြတာပါ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024