ကလေးမြို့ အာဇာနည်နေ့အခမ်းအနားတွင် ကလေးခရိုင် ကျောင်းသားသမဂ္ဂလူငယ်များ ချီတက်အလေးပြု
DVB
·
July 19, 2017
ကလေးမြို့တွင် ကျင်းပသော နှစ် ၇၀ မြောက် အာဇာနည်နေ့အခမ်းအနား ကျင်းပရာ အာဇာနည်ကျောက်တိုင်ကို အင်အား ရာချီတဲ့ ကလေးခရိုင် ကျောင်းသားသမဂ္ဂ လူငယ်များက ချီတက်အလေးပြုခဲ့ကြပါတယ်။
ချီတက်အလေးပြုရာမှာ ကလေးခရိုင် ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ၂၀၀ ဟာ အာဇာနည် ၉ ဦးအပြင် သမိုင်းဝင် ခွပ်ဒေါင်းအောင်လံတော်နဲ့ ကိုလိုနီဆန့်ကျင်ရေး၊ ဖက်ဆစ်ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေး၊ ဒီမိုကရေစီ တော်လှန်ရေးအတွင်း ကျဆုံးခဲ့ကြတဲ့ အာဇာနည် ထောင်သောင်းတို့ကို ကနဦး အလေးပြုခဲ့ကြပါတယ်။
ကလေးခရိုင် ကျောင်းသားသမဂ္ဂဟာ ၄င်းတို့ အောင်မြေဖြစ်တဲ့ ကလေး တမြို့နယ်လုံးဆိုင်ရာ ရတနာဘုံ၊ ရွှေဘုံသာဘုရားကြီးကနေ အာဇာနည်ကျောက်တိုင်ထိ ၁ မိုင်ခန့် ခြေလျင်ချီတက်ပြီး အလေးပြုခဲ့ကြတာပဲ ဖြစ်ပါတယ်။
သတင်း - မင်းရဲစစ်နိုင်