စိုး လျှပ်စစ် ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးစိုးတင့်၏ ဈာပနမြင်ကွင်း (သတင်းဓာတ်ပုံ)
DVB
·
July 18, 2017
ဘဝကို ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရပြီး စီးပွားရှာရသမျှရဲ့ သုံးပုံတစ်ပုံကို အလှူအတန်းပြုလုပ်ခဲ့တဲ့ စိုးလျှပ်စစ်ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးစိုးတင့်ဟာ ဇူလိုင် ၁၆ ရက်က ကွယ်လွန်ခဲ့ပါတယ်။
စိုးလျှပ်စစ်ကို စတင်တည်ထောင်ခဲ့ပြီး ဂျပန်နိုင်ငံ Hitichi ကုမ္ပဏီနဲ့ ပူးပေါင်းလုပ်ကိုင်နေသူလည်း ဖြစ်ပါတယ်။
ဦးစိုးတင့်ဟာ ပျဉ်းမနားမြို့ပေါ်က ဆိုက်ကားသမားတွေ၊ ဆိုင်ကယ်ကယ်ရီသမားတွေ၊ ခေါင်းရွက်ဗျပ်ထိုး ဈေးသူဈေးသားတွေ၊ မရှိဆင်းရဲသားတွေရဲ့ ပညာရေးရေး၊ ကျန်းမာရေး၊ စားဝတ်နေရေးအတွက် လှူဒါန်းခဲ့သလို မြို့ပေါ်က စာသင်ကျောင်းတွေ အသစ်ပြုပြင် တည်ဆောက်ပေးတာ၊ လမ်းတံတားတွေ ပြုပြင်အသစ်တည်ဆောက်ပေးတာ၊ ရပ်ကွက်ဓမ္မာရုံတွေ အသစ်တည်ဆောက်ပေးတာတွေကို တဦးတည်း ကျပ်သိန်းပေါင်းများစွာ အကုန်အကျခံ လှူဒါန်းပေးခဲ့သူ ဖြစ်ပါတယ်။
ဒါ့အပြင် မိဘတွေရဲ့ ဇာတိဖြစ်တဲ့ လယ်ဝေးမြို့နယ် အောင်းကုန်းကျေးရွာမှာလည်း မရှိဆင်းရဲသားတွေရဲ့ စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေးနဲ့ လမ်း၊ စာသင်ကျောင်း ဆောက်လုပ်တာတွေအတွက်လည်း လှူဒါန်းပေးခဲ့သူ ဖြစ်ပါတယ်။
ပျဉ်းမနားမြို့ပေါ်မှာ အေးငြိမ်းချမ်းသာ ဂိလာနဘိုးဘွားရိပ်သာကို ကျပ်သိန်းပေါင်း ၇၀၀၀၀ မ တည်ပြီး ဆောက်လုပ်လှူဒါန်းခဲ့ပါတယ်။