ဗိုလ်ချုပ်ရုပ်တု သယ်ဆောင်ရာလမ်းတလျှောက် ကန်တော့ ဦးညွှတ်အလေးပြုသူများ (ဓာတ်ပုံ)
DVB
·
July 17, 2017
ပွင့်ဖြူမြို့မှာ ထားရှိမယ့် ဗိုလ်ချုပ်အောင်ဆန်းရုပ်တုကို မကွေးကနေ ဇူလိုင် ၁၆ ရက်နေ့က သယ်ဆောင်လာရာမှာ လမ်းတလျှောက်ရှိ နေသူတွေက ကန်တော့ ဦးညွတ်အလေးပြုခဲ့ကြပါတယ်။
အမှိုက်ကောက်တဲ့ ကလေးလေးတွေက ဦးချကန်တော့တာ၊ လမ်းမှာရှိတဲ့ ရဲတပ်ဖွဲ့ဝင်တွေက အလေးပြုတာအပြင် လမ်းမှာ ရှိနေတဲ့ ကျောင်းသားပြည်သူတွေကလည်း သတိဆွဲ၊ လက်အုပ်ချီ ကန်တော့ခဲ့ကြပါတယ်။
ဓာတ်ပုံ - ဖုန်းမြင့်