စစ်ကိုင်းတိုင်းဒေသကြီးတွင် ဇွန်လအတွင်း တရားမဝင်သစ် တန် ၅၀၀ ကျော်ဖမ်းမိ
DVB
·
July 3, 2017
စစ်ကိုင်းတိုင်းဒေသကြီးမှာ ပြီးခဲ့တဲ့ ဇွန်လအတွင်း တရားမဝင်သစ် ၅၃၉ တန်ကျော်ဖမ်းမိပြီး တရားခံ ၇၉ ယောက် အရေးယူနိုင်ခဲ့တယ်လို့ တိုင်းဒေသကြီး သစ်တောဦးစီးဌာနက ထုတ်ပြန်ပါတယ်။
ကျွန်း၊ ပိတောက်၊ တမလန်းစတဲ့ သစ်တွေအပြင် ကား ၄၂ စီး၊ သုံးဘီး ၂၃ စီး၊ ထော်လာဂျီ ၅ စီး၊ ရေယာဉ် ၄ စီး ၊ နဲ့ ထွန်စက် ၄ စီးတို့ကို ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။
ဖမ်းဆီးမိမှုတွေရဲ့ ၆၈ ရာခိုင်နှုန်းဟာ ပြည်သူတွေရဲ့သတင်းပေးတာကြောင့် ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။