Home
မြန်မာသတင်း
စိုးနောင်က ဘယ်သန်မဟုတ်တာ လုံးဝအတိကျ ထင်ရှားတယ် - ဦးဇင်း (ရုပ်သံ)
DVB
·
July 3, 2017
  မင်္ဂလာဒုံမြို့နယ် ပတ္တမြားမြို့သစ်မှာ ဖြစ်ပွားခဲ့တဲ့ လေးလောင်းပြိုင်လူသတ်မူနဲ့ပတ်သတ်ပြီး မြန်မာနိင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်လိုက်တာကို လက်မခံနိုင်တာကြောင့် ပြန်လည်စစ်ဆေးပေးဖို့ အတွက် မိသားစုဝင်တွေက အခင်းဖြစ်တဲ့နေအိမ်မှာပဲ မီဒီယာတွေနဲ့တွေ့ဆုံပြီး တောင်းဆိုလိုက်ပါတယ်။ "ရဲတပ်ဖွဲ့က ညာသန်ကို ဘယ်သန်လို့ပြောတယ်။ အခင်းဖြစ်ပြီး အိမ်ထဲကို လူငါးယောက် ဝင်သွားတာ လူစိမ်းခြေရာလည်းပါတာကို မောင်စိုးနောင်နဲ့ပတ်သတ်တာတွေပဲ တွေ့တယ်လို့ ပြောတယ်။ DNA စစ်ချက်တွေကိုလည်း မယုံဘူး။ ပြန်စစ်ပေးဖို့ ပြည်ထဲရေးကိုလည်း စာတင်မယ်"လို့ သေဆုံးသွားတဲ့ မိသားစုဝင် ကိုစိုးနောင်ရဲ့ အကိုဖြစ်သူ ဦးဇင်းကပြောပါတယ်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ အိမ်ထောင်ဦးစီး ကိုစိုးနောင်ဟာ စိတ်မူမမှန်ဘဲ လူမှုရေး ပြဿနာတွေ ငွေကြေးအခက်ခဲတွေကြောင့် သားနှစ်ယောက်နဲ့ ဇနီးကိုသတ်ပြီး မိမိကိုယ်ကိုယ် သတ်သေတာလို့ ထုတ်ပြန်ထားတာပါ။ အမှုဖြစ်ပြီး ၁၀ လကြာမှာ ထုတ်ပြန်လိုက်တဲ့ ဒီထုတ်ပြန်ချက်ဟာ မသင်္ကာသူလို့ တွေ့ရှိထားသူသုံးယောက်ကို မမိသေးခင်မှာ ထုတ်ပြန်တာဖြစ်ပြီး ကွဲလွဲချက်တွေ များတာကြောင့် မိသားစုဝင်တွေက လက်မခံတာပါ။ ဒီထုတ်ပြန်ချက်နဲ့ ပတ်သတ်ပြီး မိသားစုဝင်တွေရဲ့ တုံ့ပြန်မူနဲ့ မီဒီယာတွေရဲ့ မေးမြန်းချက်ကိုတော့ သက်ဆိုင်ရာရဲတပ်ဖွဲ့ဝင်တွေက ပြန်လည်ပြောဆိုတာ မရှိပါဘူး။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024