တပ်မတော်သား တိုင်းနှင့်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ၇ ဦး ပြောင်းလဲ
DVB
·
June 30, 2017
တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော် (သို့မဟုတ်) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၇ ဦးကို အစားထိုးပြောင်းလဲကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က မနေ့က ထုတ်ပြန်လိုက်ပါတယ်။
အစားထိုးပြောင်းလဲလိုက်တဲ့ တပ်မတော်သားကိုယ်စားလှယ်တွေကတော့ ကရင်ပြည်နယ် ဗိုလ်မှူးကြီးအောင်လွင်အစား ဗိုလ်မှူးကြီးမျိုးမင်းနောင်၊ ချင်းပြည်နယ် ဗိုလ်မှူးကြီး ကျော်ကျော် အစား ဗိုလ်မှူးကြီးဟန်ဝင်းအောင်၊ မကွေးတိုင်း ဗိုလ်မှူးကြီး နိုင်ဦး အစား ဗိုလ်မှူးကြီး မင်းဦး၊ မန္တလေးတိုင်း ဗိုလ်မှူးကြီးမျိုးမင်းအောင် အစား ဗိုလ်မှူးကြီးကျော်ကျော်မင်း၊ ရခိုင်ပြည်နယ် ဗိုလ်မှူးကြီးထိန်လင်း အစား ဗိုလ်မှူးကြီးဖုန်းတင့်၊ ရန်ကုန်တိုင်း ဗိုလ်မှူးကြီးတင်အောင်ထွန်း အစား ဗိုလ်မှူးကြီးအောင်စိုးမင်း နဲ့ ရှမ်းပြည်နယ် ဗိုလ်မှူးကြီးစိုးမိုးအောင်အစား ဗိုလ်မှူးကြီးနိုင်ဝင်းအောင် တို့ကို အစားထိုးပြောင်းလဲလိုက်ပါတယ်။