Home
မြန်မာသတင်း
ကော့သောင်းတွင် ခရီးသည်တင်မီနီဘတ်စ်နှင့်ဆိုင်ကယ်တိုက်၊ ၂ ဦး ဒဏ်ရာရ
DVB
·
June 24, 2017
တနင်္သာရီးသောင်း ကော့သောင်း- ဘုတ်ပြင်း ကားလမ်းပေါ်မှာ ဇွန် ၂၃ ရက်နေ့ ညနေပိုင်းက ခရီးသည်တင် မီနီဘတ်စ် တစီးနဲ့ ဆိုင်ကယ်တစီး တိုက်မိလို့ ၂ ဦး ဒဏ်ရာရှိခဲ့ကြောင်း ကော့သောင်းမြို့ယာဉ်ထိန်းတပ်ဖွဲ့စုရုံးက ပြောပါတယ်။ ဖြစ်စဉ်မှာ ကော့သောင်းကနေ မြိတ်မြို့ကိုသွားမယ့် ထွန်းဝင်း မောင်းနှင်လာတဲ့ ခရီးသည် ၇ ဦးပါ ကြယ်စင်စိုး မီနီဘတ်စ်ဟာ ကော့သောင်း-ဘုတ်ပြင်း ကားလမ်း ရွှေပြည်စိုးကျေးရွာအုပ်စုအရောက်မှာ အရှိန်လွန်ကာ တဖက်ယာဉ်ကြောက wave 125 ဆိုင်ကယ်ကို မျက်နာချင်းဆိုင်ဝင်ရောက်တိုက်မိခဲ့တာ ဖြစ်ပါတယ်။ ဆိုင်ကယ်မောင်းလာသူ ထွန်းထွန်းဝင်းနဲ့ အစ်မဖြစ်သူ မသီတာဝင်းတို့ ဒါဏ်ရာရှိပြီး ကော့သောင်းခရိုင်ဆေးရုံကြီးမှာ အတွင်းလူနာအဖြစ်တင်ပို့ထားပြီး မီနီဘတ်စ် ယာဉ်မောင်းဖြစ်သူ ထွန်းဝင်းကတော့ ထွက်ပြေးတိမ်းရှောင်သွားတယ်လို့ ဆိုပါတယ်။ ဖြစ်စဉ်နှင့်ပတ်သက်ပြီး ယာဉ်ကိုပေါ့ဆစွာ မောင်းနှင်ပြီး ထွက်ပြေတိမ်းရှောင်နေသူ ထွန်းဝင်း ၄၇ နှစ်ကို ဥပဒေအရ အရေးယူနိုင်ဖို့ ဒုရဲအုပ်ကျော်သန်းဝင်းက တရာလိုပြုလုပ်တိုင်တန်းပြီး ကော့သောင်းမြို့မရဲစခန်းက ရာဇာသတ်ကြီးပုဒ်မ ၃၃၈/၃၃၇ အရ အမှုဖွင့် အရေးယူထားတယ်လို့ ကော့သောင်းရဲတပ်ဖွဲ့စခန်းမှ ဒုရဲအုပ်လွင်မောင်က ပြောပါတယ်။ သတင်းနှင့်ဓာတ်ပုံ - လတ်ကိုကိုဦး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024