အိန္ဒိယ၊ တရုတ်နှင့် ထိုင်းကုမ္ပဏီထုတ် ဆေးဝါး ၈ မျိုးကို တရားမဝင်ဆေးဝါးအဖြစ် ကြေညာ
DVB
·
June 23, 2017
မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားခြင်းမရှိတဲ့ တရားမဝင်ဆေးဝါး ၈ မျိုးကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အသိပေး နှိုးဆော်ထားပါတယ်။
အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနအနေနဲ့ ဈေးကွက်အတွင်းရှိ ဆေးဝါးတွေကို စိစစ်ခဲ့ရာမှာ အိန္ဒိယ၊ ထိုင်းနဲ့ တရုတ်ကုမ္ပဏီထုတ် ဆေးဝါး ၈ မျိုးဟာ မြန်မာနိုင်ငံမှာ မှတ်ပုံတင်ထားခြင်းမရှိတဲ့ တရားမဝင်ဆေးဝါးတွေဖြစ်ကြောင်း စိစစ်တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။
အများပြည်သူတွေအနေနဲ့ မှတ်ပုံတင်ထားခြင်းမရှိတဲ့ ဆေးဝါးတွေကို ဝယ်ယူသုံးစွဲခြင်း မပြုကြဖို့နဲ့ မြန်မာနိုင်ငံမှာ မှတ်ပုံတင် ရရှိထားတဲ့ ဆေးဝါးတွေကို ဆရာဝန် ညွှန်ကြားချက်နဲ့ ဝယ်ယူသုံးစွဲကြဖို့ အသိပေးထားပါတယ်။
အလားတူ ပြည်ပက တင်သွင်းတဲ့ ဆေးဝါး ၆ မျိုးကို မှတ်ပုံတင် ပယ်ဖျက်ကြောင်းနဲ့ ၂ မျိုးကို တင်သွင်းခွင့် ခေတ္တပိတ်သိမ်းထားကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက မနေ့က ကြေညာထားပါတယ်။
တရားမဝင်ဆေးဝါးအမည် အပြည့်အစုံ---
ဓာတ်ပုံ - MOI Webportal Myanmar