နိုင်ငံတကာ ယောဂနေ့ ပြည်သူ့ရင်ပြင်တွင် ကျင်းပ (ဓာတ်ပုံ)
ဇေယျာချမ်းအေး
·
June 21, 2017
ဒီနေ့ ကျရောက်တဲ့ နိုင်ငံတကာ ယောဂနေ့ကို မြန်မာနိုင်ငံမှာ တတိယအကြိမ်မြောက် ကျင်းပခဲ့ပါတယ်။
ကျန်းမာရေးကို အထောက်အကူပြုတဲ့ ယောဂကျင့်စဉ်နေ့ကို ရန်ကုန်မြို့ပြည်သူ့ရင်ပြင်မှာ ဒီနေ့ မနက်ပိုင်းက ကျင်းပခဲ့တာပါ။
အခမ်းအနားမှာ ယောဂအဖွဲ့ပေါင်း ၁၆ ဖွဲ့လောက်က ယောဂလေ့ကျင်သူပေါင်း ၃၀၀ လောက် ပါဝင်ခဲ့ပါတယ်။
ဒီအခမ်းအနားကို အရင်နှစ်တွေက အိန္ဒိယသံရုံးရဲ့အကူအညီနဲ့ကျင်းပခဲ့ပြီး ဒီနှစ်မှာတော့ ကိုယ့်အစီအစဉ်နဲ့ကိုယ် ကျင်းပခဲ့တယ်လို့ ယောဂမြန်မာရဲ့ သင်တန်းဆရာ ဦးခင်မောင်ရွှေက ပြောပါတယ်။