Home
မြန်မာသတင်း
ကျောက်တံခါးမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်အချို့ ပျက်စီး
DVB
·
June 17, 2017
ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ အနန်းဘော်ကျေးရွာအုပ်စု ညောင်ဝိုင်းအလယ်စုကျေးရွာမှာ ဇွန် ၁၆ ရက် ညနေပိုင်းက ရုတ်တရက် လေပြင်းတိုတ်ခေတ်မှုကြောင့် လူနေအိမ်တွေနဲ့ ဓာတ်တိုင်တွေ ကျိုးကျ ပျက်စီးခဲ့တယ်လို့ ဒေသံတွေက ပြောပါတယ်။ အဆိုပါလေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်နှစ်လုံးပျက်စီးသွားခဲ့ရပြီး စပါးကျီတလုံး အမိုးလန်ပျက်စီးခဲ့ကာ ကျေးရွာအတွင်း သွယ်တန်းထားတဲ့ 11KV ဓာတ်အားလိုင်းမှ 9mm ကွန်ကရစ် လျှပ်စစ်မီးတိုင် နှစ်တိုင်ကျိုးကျခဲ့ပြီး ငါးတိုင်မှာ ကွဲအက်ခဲ့ကာ ပဲနွယ်ကုန်း-ကျောက်ကြီး သွားကားလမ်းမပေါ်ကို နှစ်ချို့ကုက္ကိုကိုင်းကြီးတွေ ကျိုးကျခဲ့တယ်လို့ ဆိုပါတယ်။ “လေကကွက်ပြီးတိုက်သွားတာကဗျ။ မဲမဲအလုံးကြီးဆင်းလာတာ။ ကံကောင်းလို့ အဲအချိန်မှာ ခရီးသယ်တင် Express တွေကလည်း ကျောက်ကြီးဘက် ပြန်ဝင်ချိန် အိမ်စီးကားတွေရော ရပ်လိုက်လို့ မရပ်ရင်အကုန်သေပဲ။ မီးကလည်းလာနေတဲ့အချိန် မိုးကရွာဆိုတော့ သွပ်တွေကလည်း အနားတင်ပြန်ကျလို့ပေါ့ဗျာ။ အရင်တုန်းကဆို ရွာတဝက်နီးပါး လေဒဏ်ခံခဲ့ရသေးတယ်။ ရွာဦးဘုရားနားကသွပ်က ရွာလယ်ကျသွားတာလေ” လို့ ဒေသခံ ကိုသန်းကျော်မိုးက ဒီဗွီဘီကို ပြောပါတယ်။ လေပြင်းတိုက်ခတ်မှုကြောင်း ဆုံးရှုံးမှု ကျပ် ၁၄၀၂၅၀၀၀ တန်ဖိုးလောက် ပျက်စီးဆုံးရှုံးခဲ့ရပြီး အခင်းဖြစ်နေရာကို အုပ်စုအုပ်ချုပ်ရေးမှူး၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ကြက်ခြေနီတပ်ဖွဲ့က တာဝန်ရှိသူတွေ လာရောက် ကူညီတယ်လို့ ပြောပါတယ်။ သတင်း-ကျော်အောင် (ကညွတ်ကွင်း )
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024