Home
မြန်မာသတင်း
မြို့နယ်အချို့တွင် နာရီ ၃၀ ကြာ ဓာတ်အား မပြတ်တောက်တော့ကြောင်း ပြန်လည်ကြေညာ
ပိုင်စိုး
·
June 17, 2017
ဇွန်လ ၁၇ ရက်နေ့ကစပြီး ရန်ကုန်က မြို့နယ်တစ်ချို့မှာ နာရီ ၃၀ ကြာ လျှပ်စစ်ဓာတ်အား ပြတ်တောက်မယ်လို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက အသိပေးထားခဲ့ပြီး အခုတော့ နေရာတစ်ချို့ မပြတ်တောက်တော့ဘူးလို့ ပြင်ဆင်ကြေညာထားပါတယ်။ ယာယီပြင်ဆင်ပေးနိုင်ခဲ့တာကြောင့် လှိုင်သာယာမြို့နယ် ၂၊ ၃ ၊ ၅၊ ၉၊ ၈၊ ၁၂၊ ၁၃၊ ၁၄ ရပ်ကွက်တွေ၊ ကျန်စစ်သားအိမ်ရာ၊ အောင်ဇေယျအိမ်ရာ၊ ရွှေဘုံသာအိမ်ရာ၊ ကြည့်မြင်တိုင်တစ်ဖက်ကမ်းက ရပ်ကွက်တွေ၊ တွံတေးမြို့နယ်၊ ဒလမြို့နယ်၊ ကွမ်းခြံကုန်းမြို့နယ်၊ ကော့မှူးမြို့နယ်နဲ့  ဆိပ်ကြီးခနောင်တိုမြို့နယ်တွေ မပြတ်တောက်တော့ဘူးလို့ ကြေညာထားပါတယ်။ မူလ ကြေညာထားတဲ့ အမှတ် ၅၃၆ ခြေမြန်တပ်ရင်း၊ စက်မှုဇုန် ၁၊ ၆၊ စက်မှုဇုန် ၂ ရဲ့ တချို့နေရာတွေနဲ့ ရှမ်းချောင်း၊ ဒိုင်စု၊ ညောင်ရွာ၊ အတွင်းပဒံ၊ အပြင်အဒံကျေးရွာတွေ၊ ကမာရွတ်မြို့နယ် ၁၇၊ ၁၈၊ ၁၉၊ ၂၀ ရပ်ကွက်တွေ၊ လှိုင်မြို့နယ် ၁ ရပ်ကွက်က ၁၆ ရပ်ကွက်အထိ၊ စမ်းချောင်းမြို့နယ် မြေနီကုန်း တောင်၊ မြောက်၊ မုန့်လက်ဆောင်းကုန်း တောင်၊ မြောက်ရပ်ကွက်၊ ဝေဠုဝန် တောင် ရပ်ကွက်၊ ကျွန်းတော တောင်၊ လယ်၊ မြောက် ရပ်ကွက်တွေမှာတော့ ဓာတ်အား ပြတ်တောက်မှာ ဖြစ်ပါတယ်။ ဓာတ်အား ပြတ်တောက်ချိန်က ဇွန်လ ၁၇ ရက် မွန်းတည့် ၁၂ နာရီကနေ ဇွန်လ ၁၈ ရက် ညနေ ၆ နာရီအထိ နာရီ ၃၀ ကြာမယ်လို့ ဆိုပါတယ်။ လှိုင်သာယာ-ဘုရင့်နောင်ဓာတ်အားလိုင်းနဲ့ လှိုင်သာယာ (ကနောင်) ဓာတ်အားခွဲရုံ အဝင် အထွက်လိုင်းတွေ ဆက်သွယ်ဖို့အတွက် ဓာတ်အားပိတ်ဖို့လိုတာကြောင့်လို့ ကြေညာပါတယ်။ လျှပ်စစ်ဓာတ်အား ပိုမိုပြည့်ဝစွာရရှိရေးအတွက် မဖြစ်မနေဆောင်ရွက်ရတဲ့ လုပ်ငန်းဖြစ်လို့ လျှပ်စစ်ဓာတ်အား ယာယီပြတ်တောက်တဲ့အတွက် လူမှုအခက်အခဲတွေ ဖြစ်နိုင်တဲ့အပေါ် နားလည်ခွင့်လွှတ်ပေးဖို့ အသိပေးပန်ကြားတယ်လို့လည်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းရဲ့ ပန်ကြားလွှာမှာ ဖော်ပြထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024