Home
မြန်မာသတင်း
ရွှေပေါက်ကံကျူးကျော်ရွာ ကိုယ်ထူကိုယ်ထ မူလတန်းကျောင်းဖွင့်လှစ်
DVB
·
June 1, 2017
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ ရွှေပေါက်ကံကျူးကျော်ရွာမှာ ဇွန်လ ၁ ရက် မနက် ၈ နာရီခွဲက ကိုယ်ထူကိုယ်ထ မူလတန်းကျောင်းတကျောင်းကို ဖွင့်လှစ်ခဲ့ပါတယ်။ အဆိုပါမူလတန်းကျောင်းလေးဟာ ကေဂျီတန်းကနေ တတိယတန်းအထိ ထားရှိပြီး ကျောင်းသားကျောင်းသူပေါင်း ၂၅ ယောက်၊ ဆွဲခန့် ဆရာမ ၁ ယောက်၊ စေတနာ့ဆရာမ ၂ ယောက်နဲ့ ကျောင်းဖြစ်မြောက်ရေးကော်မတီ ၅ ယောက်ရှိပြီး ပင်ရဲလှ ကျောင်းနဲ့ တွဲဖက်ဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီကျေးရွာဟာ အရင်အစိုးရလက်ထက်မှာ ၂ ကြိမ်၊ အခုအစိုးရလက်ထက်မှာ ၂ ကြိမ်၊ ၄ ကြိမ်တိုင်တိုင် ထွက်ခွာသွားဖို့ စာထုတ်ပြီး တရားစွဲခံ ကျူးကျော်ရွာဖြစ်တဲ့အတွက် အုပ်ချုပ်ရေးပိုင်းက မူလတန်းကျောင်းဖွင့်ဖို့ ဟန့်တားမှုတွေရှိခဲ့ပေမယ့် လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ကလေးသူငယ်များ ပညာသင်ခွင့်ရှိတဲ့မူအရ မိုးညှင်းမြို့နယ် ပညာရေးမှူးက ခွင့်ပြုခဲ့တယ်လို့ သိရပါတယ်။ ရွာဟာ မိုးညှင်းမြို့နဲ့ ၃ မိုင် လောက်ကွာဝေးပြီး    ဆရာမတွေအတွက် ထောက်ပံ့ငွေနဲ့ ဆန်ဆီအတွက် လူမှုရေးအဖွဲ့တွေက အလှူခံသွားရမယ်လို့ ကျောင်းဖြစ်မြောက်ရေး ကော်မတီဝင်တဦးက ပြောပါတယ်။ သတင်း-မုန်းမုန်းမင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024