မသဘအဖွဲ့ကို ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းအမည်ပြောင်းလဲ ဆက်လက်လုပ်ဆောင်မည်
ရန်နိုင်ဇော်ဝင်း
·
May 28, 2017
မဘသအဖွဲ့ကို ဗုဒ္ဓ ဓမ္မပရဟိတဖောင်ဒေးရှင်း အမည်ပြောင်းလဲ သတ်မှတ်ပြီး ဆက်လက် လုပ်ဆောင်သွားမှာဖြစ်တယ်လို့ အင်းစိန်ရွာမ ကျောင်းတိုက်မှာကျင်းပတဲ့ မဘသအဖွဲ့ဝင်များအား အထူးအသိပေးရှင်းလင်းပွဲ ၂ ရက်တာ အစည်းအဝေးက ဆုံးဖြတ်လိုက်ပါတယ်။
မဘသ ဥက္ကဋ္ဌ ဆရာတော်ရွာမဆရာတော်ကတော့ အမည်အသစ်ပေးပြီး ဆက်လက် လုပ်ဆောင်တဲ့ နေရာမှာ မဟနကို အရွဲ့တိုက်တဲ့သဘောမျိုးမဖြစ်အောင် အဖွဲ့ဝင်တွေတိုက်တွန်း မိန့်ကြားခဲ့ပါတယ်။
ဒီနှစ်ရက်တာဆွေးနွေးပွဲကို မြန်မာတစ်နိုင်ငံလုံးက ရဟန်းသံဃာနဲ့ လူပုဂ္ဂိုပေါင်း ၁ သောင်းကျော် တက်ရောက်ခဲ့ပါတယ်။