ရေးမြို့နယ် ကလော့ချောင်းတောင်ကျေးရွာချင်းဆက် ကျောက်ချောလမ်း ဖွင့်လှစ်
DVB
·
May 22, 2017
မွန်ပြည်နယ် ရေးမြို့နယ် ကလော့ချောင်းတောင်ကျေးရွာကို ဆက်သွယ်ထားတဲ့ ကျေးရွာချင်းဆက် မြေသားလမ်း ကျောက်ချောလမ်းဖွင့်ပွဲကို ဒီနေ့ ကျင်းပခဲ့ပါတယ်။
လမ်းဖွင့်ပွဲကို ဒီနေ့မနက်ပိုင်းမှာ သက်ဆိုင်ရာ တာဝန်ရှိသူတွေက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့တာ ဖြစ်ပါတယ်။
အခုလမ်းဟာ မြေသားလမ်း ကျောက်လမ်းပေအရှည် ၃ မိုင်ဖြစ်ပြီး အကျယ်မှာ ၁၈ ပေကျယ်ပြီး နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနရဲ့ ၂၀၁၆- ၂၀၁၇ ခုနှစ်ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေကျပ်သန်းပေါင်း ၂၆၇ ဒသမ ၃၄၈ သန်း အကုန်ကျခံတည်ဆောက်ခဲ့တာဖြစ်ပါတယ်။
လာမယ့်ဘဏ္ဍာရေးနှစ်မှာလည်း ကတ္တရာလမ်း ဆက်လက်ခင်းကျင်းသွားဖို့ ရှိတယ်လို့ မြို့နယ် နတလ ဦးစီးဌာနရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးညီညီလွင်က ပြောပါတယ်။
အဆိုပါကျေးရွာချင်းလမ်း ဖွင့်လှစ်နိုင်မှုကြောင့် ဒေသထွက်ကုန်သယ်ယူပို့ဆောင်ရာမှာ ပိုမိုလျင်မြန်ချောမွေ့လာမှာဖြစ်ပြီး ကဗျာဝပင်လယ်ကမ်းခြေနဲ့ တနင်္သာရီတိုင်းဒေသကြီး ပြည်ထောင်စုလမ်းမကြီးကိုလည်း ချိတ်ဆက်သွားလာနိုင်မယ်လို့ ဆိုပါတယ်။
သတင်းနှင့်ဓာတ်ပုံ - နေမျိုးထွဋ်