ပြောင်းလဲနေတဲ့ ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
May 15, 2017
မတ်ပဲ
ဘုရင့်နောင် ကုန်စည်ဒိုင်မှာတော့ မတ်ပဲက ၁ တန်ကို ငွေကျပ် ၉သိန်း ၉သောင်း ပေါက်ဈေး ရှိနေပြီး ၁ တန်ကို ၁သောင်း ၆ထောင် ဈေးတက်လာပါတယ်။
ပဲစင်းငုံ
ပဲစင်းငုံကတော့ ၁ တန်ကို ငွေကျပ် ၆သိန်း ၉သောင်း ၃ထောင် ပေါက်ဈေးရှိနေပြီး ၁ တန်ကို ၂သောင်း ၂ထောင်ကျပ် ဈေးတက်လာပါတယ်။
ကြက်သွန်ဖြူ(ကြူကုတ်)
ကြက်သွန်ဖြူ(ကြူကုတ်)က ဒီနေ့မှာ ၁ ပိဿာကို ငွေကျပ် ၈၀၀ ဈေးကျဆင်းသွားပြီးတော့ ဒီနေ့ ပေါက်ဈေးကတော့ ၁ ပိဿာကို ၃၈၀၀ ကျပ် ပေါက်ဈေး ရှိနေပါတယ်။
ဂျုံ
မန္တလေး ကုန်စည်ဒိုင်မှာတော့ ဂျုံ ၁ အိတ်ကို ငွေကျပ် ၂၀၀၀ ဈေးတက်လာပြီးတော့ ဒီနေ့ ပေါက်ဈေးကတော့ ၁ အိတ်ကို ၆သောင်း ၂ထောင် ရှိပါတယ်။
နှမ်းနက်
နှမ်းနက်ကတော့ ဒီနေ့မှာ ၁ အိတ်ကို ငွေကျပ် ၉သောင်း ၇ထောင် ပေါက်ဈေးရှိနေပြီး ၁ အိတ်ကို ငွေကျပ် ၇ထောင် ဈေးတက်လာပါတယ်။
ပဲပုတ်(ဗမာ)
ပဲပုတ်(ဗမာ)ကတော့ ဒီနေ့မှာ ၁ အိတ်ကို ငွေကျပ် ၈သောင်း ၅ထောင် ပေါက်ဈေးရှိနေပြီး ၁ အိတ်ကို ငွေကျပ် ၃၀၀၀ ပေါက်ဈေး ရှိနေပါတယ်။
မြေပဲလုံးဆံနီ
မုံရွာ ကုန်စည်ဒိုင်မှာတော့ မြေပဲလုံးဆံနီက ၁ ပိဿာကို ၁၃၅၀ ကျပ် ပေါက်ဈေးရှိနေပြီး ၁ ပိဿာကို ငွေကျပ် ၁၀၀ ဈေးကျဆင်းသွားပါတယ်။
မန်ကျည်းတောင့်
ပခုက္ကူ ကုန်စည်ဒိုင်မှာတော့ မန်ကျည်းတောင့်က ၁ ပိဿာကို ငွေကျပ် ၂၀ ဈေးတက်လာပြီး ဒီနေ့ ပေါက်ဈေးက ၁ ပိဿာကို ၁၈၂၀ ကျပ် ပေါက်ဈေးရှိပါတယ်။
အခု ဖော်ပြသွားတဲ့ ဈေးနှုန်းတွေဟာ အချိန်နဲ့အမျှ အပြောင်းအလဲ ရှိနိုင်ပါတယ်။
သတင်း - AMIA