Home
မြန်မာသတင်း
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တရုတ်သွားမည်
DVB
·
May 11, 2017
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ တရုတ်သမ္မတရဲ့ ဖိတ်ကြားချက် အရ လာမယ့် ရက်ပိုင်းအတွင်း တရုတ်နိုင်ငံကို သွားရောက်မှာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်က လာမယ့်မေလ ၁၄ ရက်နဲ့ ၁၅ ရက်နေ့ ပီကျင်းမြို့မှာ ကျင်းပမယ့် Belt and Road Forum for International Cooperation အစည်းအဝေး တက်ရောက်ဖို့ ဖိတ်ကြားခဲ့တာလို့ နိုင်ငံပိုင်မီဒီယာတွေမှာ ဖော်ပြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့နှစ် သြဂုတ်လတုန်းကလည်း တရုတ်သမ္မတရဲ့ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံကို သွားရောက်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့ကမှ ဥရောပ ၃ နိုင်ငံခရီးစဉ်ကနေ ပြန်လည်ရောက်ရှိ လာတာဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024