ကခုန်လှုပ်ရှားပြီး ခေါက်ဆွဲဖတ်ပြုလုပ်သရုပ်ပြသည့် အမျိုးသားရုပ်သံ ရေပန်းစား
DVB
·
May 8, 2017
တရုတ်နိုင်ငံမှ အမျိုးသားတဦးဟာ ဂီတနဲ့အတူ ကခုန်လှုပ်ရှားပြီး ခေါက်ဆွဲဖတ်ပြု လုပ်ပြခဲ့ပြီးနောက်မှာ အင်တာနက်ပေါ်မှာ ရေပန်းစားနေခဲ့ပါတယ်။
တီယန်းဘိုဟာ တရုတ်နိုင်ငံအနောက်တောင်ပိုင်း၊ စီချွမ်ခရိုင်၊ ချန်ဒူးမြို့မှာ နေ ထိုင်တာဖြစ်ပြီး ခေါက်ဆွဲဖတ်ပြုလုပ်သူတဦးအဖြစ်အသက်မွေးဝမ်းကျောင်းသူတဦးဖြစ် ပါတယ်။
ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ စည်းချက်နဲ့အညီ ကခုန်လှုပ်ရှားကာ ခေါက်ဆွဲဖတ်ပြု လုပ်ပြနေ ခဲ့တာကို တွေ့ရပြီး သူ့ပရိတ်သတ်တွေက ဆိုင်ပြင်ကနေ စိတ်ဝင်တစား ကြည့်ရှုအားပေးနေခဲ့ ကြတာကို တွေ့ရပါတယ်။
ဒီရုပ်သံဗွီဒီယိုဖိုင်ဟာ အင်တာနက်လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့သွားခဲ့ ပြီးနောက်မှာတော့ သူ့ရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်သူ ပရိတ်သတ် ၄ သောင်း ၈ ထောင်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။