ဒေါ်အောင်ဆန်းစုကြည် ဥရောပခရီးစဉ်စတင်
DVB
·
May 1, 2017
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဥရောပတရားဝင်ခရီးစဉ်အဖြစ် အီးယူဥရောပသမဂ္ဂဌာနချုပ်ရှိရာ ဘယ်လ်ဂျီယံနိုင်ငံ၊ အီတလီနဲ့ ဗြိတိန်နိုင်ငံတွေကို ဧပြီ ၃၀ ရက် ညပိုင်းက ရန်ကုန်မြို့ကနေ ထိုင်းလေကြောင်းနဲ့ ထွက်ခွာသွားပါတယ်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ အာဆီယံထိပ်သီးအစည်းအဝေးပွဲတက်အပြီး ဖိလစ်ပိုင်ကနေ ပြန်ရောက်လာပြီးနောက် ဥရောပကို ဆက်လက်သွားရောက်တာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ နိုင်ငံခြားရေး ဒု-ဝန်ကြီး ဦးကျော်တင်နဲ့ အစိုးရ တာဝန်ရှိပုဂ္ဂိုလ်တွေ လိုက်ပါသွားတယ်လို့ အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ - MOI