Home
မြန်မာသတင်း
အမြန်လမ်းမပေါ် ယာဉ်တစီးတိမ်းမှောက်၊ ၈ ဦး ဒဏ်ရာရ
DVB
·
April 27, 2017
ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၀၅/၁ နဲ့ ၁၀၅/၂ အကြားမှာ မနေ့ ညနေပိုင်းက ယာဉ်တစီး တိမ်းမှောက်ခဲ့မှုကြောင့် ၈ ဦး ဒဏ်ရာရခဲ့တယ်လို့ မြို့ချောင်း အမြန်လမ်းမကြီးရဲတပ်ဖွဲစခန်းက ပြောပါတယ်။ ဖြစ်စဉ်မှာ ရန်ကုန်ကနေ နေပြည်တော်ဘက် ယာဉ်မောင်းဌေးဦး မောင်းလာတဲ့ LIGHT TRUCK အဖြူရောင်ယာဉ်ဟာ ၀ဲဘက်ရှေ့ဘီးပေါက် တိမ်းမှောက်ခဲ့တာဖြစ်ပြီး ယာဉ်ပေါ်ပါ အမျိုးသား ၅ ဦးနဲ့ အမျိုးသမီး ၃ ဦးတို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့တာကြောင့် မြို့ချောင်း အမြန်လမ်းမကြီးပြည်သူ့ ဆေးရုံကို ပို့ဆောင်ကုသထားတယ်လို့ မြို့ချောင်ရဲတပ်ဖွဲစခန်းမှ တာဝန်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။ မြို့ချောင်အမြန်လမ်းမကြီး ရဲတပ်ဖွဲစခန်းမှ ယာဉ်မောင်းဌေးဦးအား ရာဇတ်ကြီးပုဒ်မ ၃၃၇ /၃၃၈ အရ အမှုဖွင့်အရေးယူဆောင်ရွက်ထားတယ်လို့ ဆိုပါတယ်။ သတင်း ကျော်အောင်( ကညွတ်ကွင်း )
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024