ရွှေကျင်မြို့တွင် ၆ ဘီးကားတစီး ဘရိတ်ပေါက်၍ ကုန်စုံဆိုင်ဝင်တိုက်
DVB
·
April 22, 2017
ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့ မကျည်းတန်းလမ်းမှာ ဧပြီ ၂၁ ရက်က ၆ ဘီးကားတစီး ဘရိတ်ပေါက်ပြီး ကုန်စုံဆိုင်ကို ဝင်တိုက်မှု ဖြစ်ပွားခဲ့ပါတယ်။
ရွှေကျင်မြို့ မကျည်းတန်းလမ်းအတိုင်း ယာဉ်မောင်း မြင့်ခိုင်၊ ယာဉ်နောက်လိုက် သန်းအေးနဲ့ အသဲ ဆိုသူတို့လိုက်ပါလာတဲ့ ၆ ဘီးယာဉ်ဟာ ညဈေးလမ်းဘက်ကို ချိုးကွေ့ချိန် ဘရိတ်ပေါက်ပြီး "ဝင်းဝင်းလေး" ကုန်စုံဆိုင်ကို ဝင်တိုက်မိခဲ့ပါတယ်။
ယာဉ်တိုက်မှုကြောင့် ဈေးဆိုင်ရှေ့မျက်နှာစာ၊ ကုန်ခြောက်တွေ ပျက်စီးဆုံးရှုံးပြီး ကားရှေ့မှန်ကွဲခဲ့ကာ လူထိခိုက်ဒဏ်ရာ မရရှိခဲ့ဘူးလို့ သိရပါတယ်။
ရွှေကျင်မြို့မ ရဲစခန်းက ယာဉ်မောင်း မြင့်ခိုင်ကို ရာဇသတ်ကြီးဥပဒေပုဒ်မ-၂၇၉ နဲ့အမှုဖွင့် အရေးယူ ဆောင်ရွက်တယ်လို့ သိရပါတယ်။
သတင်း၊ ဓာတ်ပုံ-နေလင်းထိုက်