မီးသတ်ယာဉ် ၁ စီး လမ်းဘေးရေးကစားမဏ္ဍပ်အနီး ဓာတ်တိုင်ဝင်တိုက်
DVB
·
April 15, 2017
မရမ်းကုန်းမြို့နယ် အမှတ်(၃)ရပ်ကွက်သန့်ဇင်လမ်းထိပ်မှာ သင်္ကြန်အကျနေ့ မနေ့ ညနေ ၆ နာရီလောက်က မီးသတ်ယာဉ်တစီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရေးကစား မဏ္ဍပ်အနီး လျှပ်စစ်မီးတိုင်ဝင်တိုက်မှု ဖြစ်ပွားခဲ့ပါတယ်။
မီးသတ်ယာဉ်မောင်းကတော့ အရက်သောက်ထားပေမယ့် မမူးပါဘူးလို့ ဒီဗွီဘီကို အတည်ပြုပြောကြားပါတယ်။
ယာဉ်မတော်တစမှုကြောင့် အသက် ၆ နှစ် အရွှယ်ခလေးနဲ့ အမျိုးသမီးတဦး စက်ဘီးစီး လူငယ်တဦး ထိခိုက်ဒဏ်ရာ ရှိခဲ့ပေမယ့် အသက်စိုးရိမ်ဖွယ်ရာမရှိခဲ့ပါဘူး။
သင်္ကြန်အတွင်းရေမလာ မီးပျက်နေလို့လည်း လူအများထိခိုက်ဒဏ်ရာမရှိခဲ့ပေမယ့် ပုံမှန်ဆိုထိုနေရာမှာ လူအများရေကစား ကြတာလို့ ရပ်ကွက်နေတဦးမှပြောပါတယ်။
သတင်း - လွင်မှိုင်း