Home
မြန်မာသတင်း
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ယာဉ်မတော်တဆမှုကြောင့် ၃ လတွင်း ၂၉ ဦးသေဆုံး
DVB
·
April 10, 2017
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်မှာ ၂၀၁၇ ခုနှစ်မှာ စုစုပေါင်း ၃ လအတွင်း ယာဉ်မတော်တဆမှုပေါင်း အကြိမ် ၁၁၀ကျော် ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၂၉ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၂၀၀ ဦးလောက်ရှိခဲ့တယ်လို့ နေပြည်တော် အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းများအရ သိရပါတယ်။ မတ်လအတွင်း ယာဉ်မတော်တဆမှုဖြစ်စဉ် ၅၇ ကြိမ်ရှိပြီး ယာဉ်အရှိန်ပြင်းစွာ မောင်းနှင်ခြင်းကြောင့် ၁၅ ကြိမ်၊ အိပ်ငိုက်ပြီး မောင်းနှင်ခြင်းကြောင့် ၉ ကြိမ်၊ လမ်းဖြတ်ကူးသူ ပေါ့ဆခြင်းကြောင့် ၅ ကြိမ်၊ ဆိုင်ကယ်ပေါ့ဆမှုကြောင့် ၆ ကြိမ်၊ ယာဉ်မဆင်မခြင် မောင်းနှင်ခြင်းကြောင့် ၁၀ ကြိမ်၊ ယာဉ်ဘီးပေါက်ခြင်းကြောင့် ၉ ကြိမ်၊ စက်ချို့ယွင်းခြင်းကြောင့် ၃ ကြိမ်ဖြင့် စုစုပေါင်း ၅၇ ကြိမ်အထိ ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ပါတယ်။ အရှိန်ပြင်းစွာ မောင်းနှင်မှုကြောင့် ဖြစ်ပွားခဲ့တဲ့ ယာဉ်မတော်တဆမှုမှာ အများဆုံးဖြစ်ကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့မှတ်တမ်းများအရ သိရပါတယ်။ အဆိုပါ ယာဉ်မတော်တဆမှုတွေကြောင့် သေဆုံးသူ ကျား ၁၁ ဦး၊ မ ၂ ဦး၊ စုစုပေါင်း ၁၃ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ကျား ၅၃ ဦး၊ မ ၄၅ ဦး၊ စုစုပေါင်း ၉၈ ဦး ရှိခဲ့ပြီး ၂၀၁၇ ခုနှစ် ကုန်ဆုံးခဲ့တဲ့ သုံးလမှာ မတ်လအတွင်းက ဖြစ်ပွားခဲ့တဲ့ ယာဉ်မတော်တဆမှု၊ လူသေဆုံးမှု၊ ထိခိုက်ဒဏ်ရာရရှိမှုမှာ အများဆုံး ဖြစ်ပွားခဲ့တယ်လို့ မှတ်တမ်းများအရ သိရပါတယ်။ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်မှာ ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလအတွင်းမှာ ယာဉ်မတော်တဆမှုပေါင်း ၃၆ ကြိမ်ဖြစ်ပွားခဲ့ရာ ကျား ၅ ဦး၊ မ ၇ စုစုပေါင်း သေဆုံးသူ ၁၂ ဦး၊၊ ထိခိုက်ဒဏ်ရာရရှိသူ ၆၅ ဦး၊ ဖေဖော်ဝါရီလတွင် ယာဉ်မတော်တဆမှုပေါင်း ၂၅ ကြိမ် ဖြစ်ပွားခဲ့ရာ၊ ကျား ၃ ဦး၊ မ ၁ ဦး၊ စုစုပေါင်း သေဆုံးသူ ၄ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၃၇ ဦးရှိခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်အတွင်း ၃ လအတွင်း အမြန်လမ်းမကြီး ယာဉ်မတော်တဆမှုကြောင့် တလ ပျမ်းမျှ ၁၀ ခန့် အသက်ဆုံးရှုံးပြီး တလလျှင် ၆၆ ဦးကျော် ဒဏ်ရာရရှိခဲ့တယ်လို့ ယာဉ်မတော်တဆမှု တလလျှင် အကြိမ်ရေ ပျမ်းမျှ ၃၉ ကြိမ်ခန့် ဖြစ်ပွားခဲ့တယ်လို့ အမြန်လမ်းမကြီး ရဲတပ်ဖွဲ့ မှတ်တမ်းများအရ သိရပါတယ်။ သတင်း - ကျော်အောင်(ကညွတ်ကွင်း)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024