Homeမြန်မာသတင်း
‘လမ်းအန္တရာယ်ကင်းရှင်းဖို့ မိမိကိုယ်တိုင် စတင်စို့’ ဆောင်ပုဒ်ဖြင့် လူထုလှုပ်ရှားမှု ပြုလုပ်
‘လမ်းအန္တရာယ်ကင်းရှင်းဖို့ မိမိကိုယ်တိုင် စတင်စို့’ ဆောင်ပုဒ်ဖြင့် လူထုလှုပ်ရှားမှု ပြုလုပ်
DVB
·
April 6, 2017
‘လမ်းအန္တရာယ်ကင်းရှင်းဖို့ မိမိကိုယ်တိုင် စတင်စို့’ ဆောင်ပုဒ်နဲ့ ယာဉ်စည်းကမ်း လမ်းစည်းကမ်း အန္တရာယ်ကင်းရှင်းဖို့အတွက် လူထုလှုပ်ရှားပြုလုပ်ခဲ့ပါတယ်။
လမ်းအန္တရာယ်တွေ အဖြစ်များပြီး ကားအစီးရေ တိုးပွားလာတဲ့ ရန်ကုန်မြို့ရဲ့ လမ်းအန္တရာယ်ကင်းရှင်းရေးအတွက် လူထုလှုပ်ရှားမှု အသိပညာပေးပွဲကို ဧပြီလ ၄ ရက်နေ့က ရန်ကုန်မြို့မှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။ ပြည်သူတွေကလည်း လမ်းစည်းကမ်းနဲ့ ပတ်သက်တဲ့ အသိပညာတွေကို သိရှိမယ်ဆိုရင် ယာဉ်အန္တရာယ် ကျရောက်တဲ့ဘေးကနေ ကာကွယ်နိုင်မှာလည်း ဖြစ်ပါတယ်။
“ပြည်သူတွေအားလုံးက ဒီလို ကိုယ့်ကိုယ်ကိုယ် အသက်လုံခြုံဖို့ရော၊ သတိတရားလေးလည်း ရှိပြီး ငါတို့ဟာ ဒီလို သွားရမယ်၊ ငါတို့ ဒီလို နေရမယ်၊ ငါတို့ ဒီလို မောင်းရမယ်၊ သွားရမယ်ဆိုတဲ့ အသိတရားလေး ပြည်သူတွေအားလုံး သိစေချင်တာပါ” လို့ လို့ရန်ကုန်တိုင်းဒေသကြီးအစိုးရ လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းက ပြောပါတယ်။
လမ်းအန္တရာယ်ကင်းရှင်းရေး လူထုအသိပညာပေး လှုံ့ဆော်ပွဲကို တိုင်းဒေသကြီး အစိုးရ၊ လွှတ်တော်၊ မိတ်ဖက်အဖွဲ့အစည်း ၂၂ ဖွဲ့နဲ့အတူ အနုပညာရှင်တွေနဲ့ ပြည်သူတွေလည်း ပါဝင်ခဲ့ကြပါတယ်။
“အဓိကကတော့ အသိပညာပေးတာပါ။ အသိပညာပေးဆိုတာ ကိုယ်ကိုယ်တိုင်လည်း အသိပညာပေးသလို သူများကိုလည်း ဒါတွေ ဒါတွေ ရှိတယ်ဆိုတာ ဝေမျှတာပါ။ အဲဒီလိုမျိုးလုပ်တဲ့နေရာမှာ ကျနော်တို့လို အသက်ကြီးတဲ့လူတွေတင်မကပါဘူး။ အဓိက ပိုပြီးအရေးကြီးတာက ကလေးငယ်တွေ၊ မသန်စွမ်းသူတွေ၊ သူတို့ကနေမှတဆင့် တခြားလူတွေကို ပြန်ပြောနိုင်အောင် လုပ်သင့်တယ်၊ လုပ်မယ်လို့ ယူဆပါတယ်။ အဲဒီကလေးငယ်တွေကို ဒီလိုမျိုး သူတို့ကို ရှင်းပြခြင်းအားဖြင့် ကလေးငယ်တွေက သူတို့ရဲ့ အမေ၊ အဖေ၊ ဦးလေး၊ အဒေါ်ကို အဖေက ကားမောင်းနေရင် ခါးပတ် ပတ်ပါလား၊ လမ်းကူးနေရင် ရပ်ပေးပါလားဆိုတဲ့ အဲဒီလိုမျိုးအဆင့်အထိဖြစ်အောင် ကျနော်တို့ လုပ်ချင်ပါတယ်။ လုပ်ဖို့ ရည်ရွယ်ထားပါတယ်” လို့ Mizzima Media CEO ဦးစိုးမြင့်က ပြောပါတယ်။
ဒီလိုမျိုး လမ်းစည်းကမ်းအတွက် အသိပညာပေး အစီအစဉ်တွေကို ကလေးငယ်တွေ၊ မသန်စွမ်းတွေနဲ့ အသက်ကြီးတဲ့သူတွေနဲ့ ပြည်သူတွေကိုလည်း ၁ လ တခါ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။
“ဖြည့်စွက်ပြောချင်တာက အရင်တုန်းကဆို ဒီ Safety ဖြစ်ဖို့အတွက်ကို အများကြီး အလေးအနက်မထားတာမျိုး ရှိတယ်။ ဒါပေမယ့် ဒီလိုမျိုး နောက်ပိုင်းမှာ ကိုယ်ကိုယ်တိုင်လည်း တိုးတက်ချင်တယ်၊ ကိုယ်ကိုယ်တိုင်လည်း တကယ် လိုက်နာချင်တဲ့အခါကျတော့ အသေးအမွှားလေးကအစ လိုက်နာပြင်ဆင်နေပါပြီလို့။ အားလုံးကိုလည်း Safety ဖြစ်အောင် စည်းကမ်းတကျ လိုက်နာ ပြင်ဆင်ကြပါလို့ အကြံပေးချင်ပါတယ်ရှင့်” လို့ Myanmar idol အဆိုရှင် ပိုးမီက ပြောပါတယ်။
မေလ ၈ ရက်နေ့မှာလည်း ကုလသမဂ္ဂရဲ့ Road Safety ကို မေလ ၈ ရက်နေ့ကနေ မေလ ၁၄ ရက်နေ့အထိ ယာဉ်စည်းကမ်းနဲ့ ပတ်သက်တဲ့ ရက်သတ္တပတ်အကြာ အသိပညာပေးတာတွေကို လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။
သတင်း - သူဇာလင်း