ကယားပြည်နယ်နှင့် ဖရူဆိုမြို့နယ် အန်အယ်လ်ဒီဥက္ကဋ္ဌများကို တာဝန်မှ ရပ်ဆိုင်း
DVB
·
April 3, 2017
ကယားပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါက်တာ ခင်စည်သူနဲ့ ဖရူဆိုမြို့နယ် ဥက္ကဋ္ဌ ဦးပဲ့ဒူတို့ကို ပါတီတာဝန်ကနေ ရပ်ဆိုင်းကြောင်း ပါတီဗဟိုက ကြေညာလိုက်ပါတယ်။
ကြားဖြတ်ရွေးကောက်ပွဲအတွက် ကယားပြည်နယ် ဖရူဆိုမြို့နယ် မဲဆန္ဒနယ်အမှတ် ၁ ကိုယ်စားလှယ်လောင်းလျှောက်လွှာ အချိန်မီတင်သွင်းဖို့ ပျက်ကွက်ခဲ့မှုနဲ့ ပတ်သက်ပြီး မနေ့ ဧပြီ ၂ ရက်ကကျင်းပတဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့အစည်းအဝေးမှာ ဆုံးဖြတ်လိုက်တာလို့ အဖွဲ့ချုပ် ဗဟိုက ထုတ်ပြန်ကြေညာလိုက်ပါတယ်။