Home
မြန်မာသတင်း
ဂျပန်နိုင်ငံ တိုကျိုမြို့က မြန်မာ့ရိုးရာမိသားစု အတာသင်္ကြန်ပွဲ - ဓာတ်ပုံ
DVB
·
April 2, 2017
၂၆ ကြိမ်မြောက် မြန်မာ့ရိုးရာမိသားစုသင်္ကြန်ပွဲတော်ကို ဧပြီလ ၂ ရက်က ဂျပန်နိုင်ငံ တိုကျိုမြို့ ဟီဘီယ ပန်းခြံမှာ မြန်မာ့ဒီမိုကရေစီအဖွဲ့ချုပ်က ဦးစီးပြီးကျင်းပပြုလုပ်ခဲ့ပါတယ်။ မြန်မာရိုးရာ အစားအစာတွေ ချက်ပြုတ်ရောင်းချကြပြီး ရိုးရာ အဆိုအကတွေအပြင် နှစ်စဉ်လူကြိုက်များတဲ့ မင်္ဂလာဒိုးအဖွဲ့ရဲ့ သံချပ်ကိုလည်း တင်ဆက်ခဲ့ပါတယ်။ မြန်မာတွေ နှစ်စဉ် စုပေါင်း ကျင်းပလေ့ရှိပြီး ဂျပန်နိုင်ငံ နေရာအနှံ့အပြားမှ မြန်မာနိုင်ငံသားတွေ အခုလိုအချိန်မှာ ဆုံစည်းတွေ့ဆုံခွင့်ရပြီး အတွေ့အကြုံတွေ ဖလှယ်ခွင့်ရသလို မြန်မာ့သင်္ကြန်အငွေ့အသက်အချို့ ခံစားရတယ်လို့ ပွဲတော်ရောက်မြန်မာတွေက ဒီဗွီဘီကို ပြောပြပါတယ်။ ဒီနေ့ကျင်းပတဲ့ ပွဲတော်ကို ဂျပန်နိုင်ငံသားတွေအပါအ၀င် လူဦးရေ ၁ ထောင်ကျော်လာရောက်ခဲ့ကြပါတယ်။ ဂျပန်နိုင်ငံမှာ မြန်မာနိုင်ငံသား ၁၄၀၀၀ ကျော်ရောက်ရှိနေထိုင်နေပါတယ်။ ဇော်ဇော်လှိုင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024