ပဲခူးတိုင်းအတွင်း မဲရုံများတွင် မဲလာပေးသူနည်းပါး
DVB
·
April 1, 2017
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့ နယ်နဲ့ ကျောက်တံခါးမြို့ နယ်တွေမှာ ဒီကနေ့မနက်က ကျင်းပတဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ မဲဆန္ဒရှင် ပြည်တွေ မဲလာရောက်ပေးမှု အလွန်းနည်းပါးနေပါတယ်။
ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် ၄ အမျိုးသားလွှတ်တော် လစ်လပ်နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲကျင်းပတာဖြစ်ပြီး မဲရုံပေါင်း၃၅၃ ရုံပေါင်းနဲ့ မဲပေးပိုင်ခွင့်ဦးရေ ၃၄၀၀၀၀ ရှိပါတယ်။
ဒီအထဲမှာညောင်းလေးပင်မြို့မယ်မှာ မဲရုံပေါင်း ၁၅၀ ရုံ၊ မဲပေးပိုင်ခွင့်ဦးရေ ၁၄၃၂၇၈ ရှိပြီး ကျောက်တံခါးမြို့နယ်မှာတော့ မဲရုံပေါင်း ၂၀၂ ရုံ၊ မဲပေးပိုင်ခွင့် ဦးရေ ၁၉၆၇၂၂ ရှိတယ်လို့သိရပါတယ်။
ဓာတ်ပုံ - နေလင်းထိုက်