အမ်းမြို့နယ် စစ်တပ်မဲရုံတွင် တပ်မိသားစုများ ကြားဖြတ်ရွေးကောက်ပွဲမဲပေး
DVB
·
April 1, 2017
ရခိုင်ပြည်နယ် အမ်းမြို့နယ်ထဲက တပ်တွင်း မဲရုံ ၁၄ ရုံထဲမှာပါဝင်တဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် အရာရှိစစ်သည် မိသားစုဝင်တွေ မဲပေးဖို့ သတ်မှတ်ထားတဲ့ အမ်းမြောက်ကျေးရွာအုပ်စု မဲရုံအမှတ် ၅ မှာ တန်းစီမဲပေးနေပါတယ်။
တပ်မတော်သားအရာရှိ၊ စစ်သည်နဲ့မိသားစုဝင်တွေထဲက တချို့ဟာ မဲပေးဖို့အတွက် မနက် ၆ နာရီတကည်းက လာရောက်စောင့်ဆိုင်းနေတာဖြစ်ပြီး ဒီမဲရုံဟာ အမ်းမြို့နယ်ထဲက မဲရုံတွေမှာ မဲပေးသူများပြားတဲ့ မဲရုံတရုံလည်းဖြစ်ပါတယ်။
ဒါ့အပြင် တပ်တွင်းမဲရုံတစ်ရုံဖြစ်တဲ့ အမှတ်၃၇၁ ခြေမြန်တပ်ရင်းမှာလဲ အရာရှိ စစ်သည် မိသားစုဝင်တွေ လာရောက်မဲပေးနေကြပါတယ်။
သတင်း-ဓာတ်ပုံ အာကာ