Home
မြန်မာသတင်း
တောင်ကြီးမြို့၌ ငွေကျပ်သိန်း ၂၃၀၀ ခန့်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းမိ
DVB
·
March 31, 2017
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ မြို့မရပ်ကွက်၊ တူးမြောင်းလမ်းရှိ တည်းခိုခန်းရှေ့လမ်းမမှာ မနေ့က YW စာတန်းပါ ပန်းရောင်စိတ်ကြွဆေးပြား ၂ သိန်းကျော် ဖမ်းဆီးရမိခဲ့ပါတယ်။ တောင်ကြီးမြို့ ကန်ရှေ့ရပ်ကွက် မြကန်သာလမ်းက ဒို့ညီနောင် ခရီးသည်တင်ယာဉ်လိုင်း ကုန်ပစ္စည်း လက်ခံဌာနဆီ အမျိုးသားတဦး လာရောက်ပေးပို့တဲ့ အဖြူရောင်ဆာလာအိတ်ကို မသင်္ကာကြောင်း သတင်းပေးလို့ တပ်မတော်သားတွေ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တွေနဲ့ ဌာနဆိုင်ရာ တာဝန်ရှိသူတွေပါဝင်တဲ့ အဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာက ဆာလာအိတ်ထဲ စက္ကူဂျပ်ဖာနဲ့ ထည့်ထားတဲ့ WY စာတန်းပါ ပန်းရောင်စိတ်ကြွ ရူးသွပ်ဆေးပြားတွေကို တွေ့ခဲ့တာပဲ ဖြစ်ပါတယ်။ အိပ်အတွင်း စက္ကူဖာတွေနဲ့ထည့်ထားတဲ့ ဆေပြားအရေအတွက် ၂၃၀၀၀၀ ပြား ရှိပြီး ကာလတန်ဖိုးငွေကျပ်သိန်း၂၃၀၀ လောက် ရှိတယ်လို့ သိရပါတယ်။ အဲ့ဒီ ပစ္စည်းတွေကို ကားဂိတ်ကို လာရောက်ပို့ဆောင်တဲ့သူကတော့ စိုင်းကျော်လှ (ဘ) ဦးဆန်ယုံ ဖြစ်ပြီး လိုက်လံစုံစမ်းဖမ်းဆီးရာ မြို့မရပ်ကွက်၊ တူးမြောင်းလမ်းရှိ တည်းခိုခန်းရှေ့လမ်းမမှာ TOYOTA IPSUM အမျိုးအစားယာဉ်နဲ့အတူ ဖမ်းဆီးရမိခဲ့ပါတယ်။ ဖမ်းဆီးရမိသူ စိုင်းကျော်လှ (ဘ) ဦးဆန်ယုံကို တောင်ကြီးမြို့မရဲစခန်းက မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေနဲ့အညီ အမှုဖွင့်အရေးယူ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ သတင်း - မင်းရဲစစ်နိုင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024