ခိုင်းနွားနှင့်နို့စားနွား မလုံလောက်သဖြင့် မူဆယ်နယ်စပ်မှ တင်သွင်း
DVB
·
March 30, 2017
ခိုင်းနွားနဲ့ နို့စားနွားမလုံလောက်တဲ့အတွက် မူဆယ်နယ်စပ်ကနေ နွားတင်သွင်းမှုတွေ ရှိနေတယ်လို့ မန္တလေးတိုင်းဒေသကြီး နွားမွေးမြူရေး လုပ်ငန်းရှင်တွေက ပြောပါတယ်။
နို့စားနွားအတွက် မျိုးကို မူဆယ်နယ်စပ်က တင်သွင်းပြီး မွေးမြူသူတွေ ရှိသလို ပြည်တွင်းက နွားတွေကို မွေးမြူသူတွေလည်းရှိတယ်လို့ ဆိုပါတယ်။
နွားအရောင်းအ၀ယ် တင်ပို့မှုကို ကန့်သတ်ထားပေမယ့် ပြည်တွင်းက နွားကုန်သည်တွေက မှောင်ခိုတင်ပို့မှုတွေ၊ တင်သွင်းမှုတွေရှိနေတယ်လို့ မန္တလေးတိုင်း နို့စားနွားမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခင်မောင်စိုးက ပြောပါတယ်။
သတင်း - AMIA