ပြောင်းလဲနေတဲ့ ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
March 30, 2017
မတ်ပဲ
ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပြည်ပကို အဓိကထား တင်ပို့နေတဲ့ မတ်ပဲက ဒီနေ့မှာ ငွေကျပ် ၈ သောင်းဈေး ကျဆင်းသွားပါတယ်။ ဒီနေ့ ပေါက်ဈေးက ၁ တန်ကို ၁၀ သိန်း ၅ သောင်း၂ ထောင် ပေါက်ဈေး ရှိနေပါတယ်။
ပဲစင်းငုံ
ပဲစင်းငုံကလည်း ဒီနေ့မှာ ၁ တန်ကို ငွေကျပ် ၂ သောင်း ၆ ထောင်ကျပ်ဈေး ကျဆင်းသွားပြီးတော့ ဒီနေ့ ပေါက်ဈေးက ၁ တန်ကို ၇ သိန်း ၄ သောင်း ၅ ထောင် ပေါက်ဈေးရှိပါတယ်။
ပဲတီစိမ်း
ပဲတီစိမ်းကတော့ ၁ ပိဿာကို ငွေကျပ် ၃၅ ကျပ်ဈေး ကျဆင်းသွားပြီး ဒီနေ့ ပေါက်ဈေးက ၁၈၅၀ ရှိပါတယ်။
ကြက်သွန်ဖြူ
ကြက်သွန်ဖြူ (တောင်ကြီး၊ အောင်ပန်း) က ၁ ပိဿာကို ငွေကျပ် ၂၅၀ ကျပ်ဈေး ကျဆင်းသွားပြီး ဒီနေ့ ပေါက်ဈေးက ၁ ပိဿာကို ၂၉၅၀ ဈေး ရှိပါတယ်။
ဧည့်မထ မိုးဆန်
ဝါးတန်းကုန်စည်ဒိုင်မှာ ဧည့်မထ မိုးဆန်က ၁ အိတ်ကို ငွေကျပ် ၅၀၀ ဈေး ကျဆင်းသွားပြီး ဒီနေ့ ပေါက်ဈေးက ၁ အိတ်ကို ၁ သောင်း ၆ ထောင် ၅ ရာကနေ ၁ သောင်း ၇ ထောင့် ၅ ရာရှိပါတယ်။
မြေပဲလုံးဆံဖြူ
မုံရွာကုန်စည်ဒိုင်မှာ မြေပဲလုံးဆံဖြူက ၁ ပိဿာကို ၂၅၅၀ ပေါက်ဈေးရှိနေပြီး ၂၅ ကျပ်ဈေးကျဆင်းသွားပါတယ်။
မန်ကျည်းတောင့်
ပခုက္ကူ ကုန်စည်ဒိုင်မှာတော့ မန်ကျည်းတောင့်က ၁ ပိဿာကို ၁၂၀ ကျပ်ဈေး ကျဆင်းသွားပြီး ဒီနေ့ ပေါက်ဈေးက ၁၃၆၀ ရှိပါတယ်။
ဖရဲသီး ၈၅၅
မူဆယ်ကုန်စည်ဒိုင်မှာတော့ ဖရဲသီး ၈၅၅ က ၁ တန်န်ကို ငွေကျပ် ၃ သိန်း၈ သောင်း ၆ ထောင် ပေါက်ဈေး ရှိနေပြီး ဈေးနှုန်းအပြောင်းအလဲ သိပ်မရှိပါဘူး။
အခုဖော်ပြသွားတဲ့ ဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။
သတင်း - AMIA