Home
မြန်မာသတင်း
ဆီးခုံချင်းဆက် အမြွှာညီအစ်ကို ၁ ဦးသေဆုံး
DVB
·
March 27, 2017
မန္တလေးမြို့၊ ကလေးဆေးရုံမှာ ပြီးခဲ့တဲ့ ရက်ပိုင်းကမှ ခွဲစိတ်ကုသပေးနိုင်ခဲ့တဲ့  ဆီးခုံချင်းဆက် အမြွှာညီအစ်ကို နှစ်ဦးအနက် တဦး သေဆုံးသွားတယ်လို့ ဒီကနေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြပါတယ်။ အမြွှာညီအစ်ကို အကြီးဖြစ်သူ မောင်ဝေယံငြိမ်းဟာ ဆရာဝန်ကြီးတွေ ဂရုတစိုက်ကုသပေးနေတဲ့ကြားက  မတ် ၂၅ ရက် မွန်းလွဲ ၂ နာရီလောက်မှာ  သေဆုံးသွားခဲ့တာဖြစ်တယ်လို့ ကလေး မိခင် ဒေါ်မာလာစန်းရဲ့ ပြောဆိုချက်ကို ကိုးကားပြီး သတင်းမှာ ဖော်ပြပါတယ်။ သေဆုံးသွားတဲ့ ကလေးငယ် မောင်ဝေယံငြိမ်းကို မတ် ၂၆ ရက်က အေးရိပ်ငြိမ်းသုသာန်သို့ သွားရောက်ပို့ဆောင် သင်္ဂြိုဟ်ပေးခဲ့ပြီး  ကျန်ရှိနေတဲ့   အမြွှာညီအစ်ကအို အငယ်ကလေးဖြစ်တဲ့ မောင်ဝေယံဟိန်းကတော့  ကျန်းမာရေးအခြေအနေ ကောင်းမွန်နေတယ်လို့ ဆိုပါတယ်။ ဆီးခုံချင်းဆက် အမြွှာကလေးငယ် ၂ ဦးဟာ  မန္တလေးမြို့ ခုတင် ၅၅ဝ ဆံ့ ကလေးဆေးရုံမှာ  ၁၄ လအကြာ တက်ရောက် ဆေးကုသမှုခံယူပြီးနောက်  မတ် ၂၃ ရက်က  တဦးချင်းစီ ဖြစ်အောင်  ခွဲစိတ် အထူးကုဆရာဝန်ကြီးတွေက ၁၄ နာရီ ၃၅ မိနစ်ကြာ ခွဲစိတ်ပေးခဲ့တာဖြစ်ပါတယ်။ အမြွှာကလေးငယ် ၂ ဦးကို  မုံရွာမြို့နယ် ဗောဓိတစ်ထောင်အနီး ညောင်ပင်သာရွာနေ တောင်သူ ဦးအောင်ငြိမ်းနဲ့ ဒေါ်မာလာစန်းတို့က ၂၀၁၆ ဇန်နဝါရီ ၁၃ ရက်က မုံရွာဆေးရုံမှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024